Part 17

1.8K 138 14
                                    

"ပန်းချီရယ်...ပန်းစည်းလေးတစ်စည်းလောက်"

ကြားလိုက်ရတဲ့အသံနဲ့အတူ မောင့်ရင်တွေလှိုင်းထန်သွားရသည်။ မေ့ပစ်ထားပါပြီလို့ ကြွေးကြော်နေရင်းကတောင် သူမနာမည်ကြားရုံနဲ့ မောင့်ကိုပျာယာခတ်သွားစေပါသည်။ အသံလာရာဖက်ကို မဝံ့မရဲလေးကြည့်လိုက်တော့
မောင့်ထက်ငယ်လောက်သည့်မိန်းကလေးတစ်ယောက်ဆီက အမျိုးသမီးတစ်ယောက် ပန်းစည်းဝယ်နေခြင်းဖြစ်သည်။ ထိုကလေးမလေးနာမည်က ပန်းချီပဲဖြစ်လိမ့်မည်။ဒီနေရာ ဒီအရပ်မှာ သူမ မရှိလောက်ပေဘူးလို့ သိပေမယ့်လည်း သူမနာမည်ကိုကြားတော့ မောင် လှည့်ကြည့်ဖြစ်အောင် လှည့်ကြည့်လိုက်သေးသည်။

တစ်ခါတစ်လေတော့လည်း မောင့်အဖြစ်က ရယ်ချင်စရာပါ။ မုန်းပါတယ် မုန်းပါတယ်လို့ပြောနေရင်းက ရင်ဘတ်ကြီးတစ်ခုလုံးကျဥ်တက်လာပြီး
မျက်ရည်စီးလာရသည့် အဖြစ်ပါပဲ။

"ညီမ....ဘာတွေတွေးနေတာလဲ"

"ညီမ.."

"ရှင်..ဟို...ဘာပြောလိုက်တာလဲ အစ်ကို"

မောင် ဒီလိုပြောလိုက်တော့ အစ်ကိုက ပြုံးလိုက်သည်။ ဒီနေ့ဆိုရင် အစ်ကိုတို့ရွာကို မောင်ရောက်နေတာ နှစ်ရက်ရှိပြီလေ။ မနက်ခင်းဗိုက်ဆာတာမို့ စျေးလာရင်း အစ်ကိုနဲ့အတူ မုန့်ဟင်းခါးစားနေခြင်းဖြစ်သည်။ မေ့ဖျောက်ထားတဲ့ အစ်မရဲ့အကြောင်းကို နာမည်တူလေးတစ်ခုကြောင့် မောင် တွေးနေမိပါသည်။

"ဘာတွေတွေးနေလို့
အစ်ကိုပြောတာတောင် မကြားရတာလဲ
ဒီလောက်နီးနီးလေးကို"

"ဟီး...ဒီတိုင်းပါပဲ"

"ဘယ်လိုလဲ လွမ်းနေပြီလား
သူငယ်ချင်းတွေကို"

"မလွမ်းဘူးလို့ပြောရင်
မောင်လိမ်ရာကျမှာပေါ့
ဒါပေမယ့်လည်း
ဘဝဆိုတာ ဒီလိုပါပဲလေ
တွေ့ဆုံလိုက် ခွဲခွာလိုက်နဲ့ပေါ့
တသမတ်တည်း ကိုယ့်အနားရှိပေးမယ့်သူရယ်လို့
ရှိမှာမှမဟုတ်တာ
သူတို့ကိုလွမ်းနေလည်း အပိုပါပဲ
အချိန်တန်တော့
မောင်တစ်ယောက်တည်းပဲ
ပြန်ဖြစ်သွားမှာလေ"

"အစ်ကို နေပေးပါ့မယ်လေ
ညီမ အနားမှာ တစ်သက်လုံး"

မောင့်ကိုကြည့်ပြီးပြောလာတဲ့ အစ်ကိုကြောင့် မောင်ပြုံးလိုက်သည်။ ရင်ထဲမှာနွေးထွေးသွားရခြင်းဆိုတာ မှန်ပါလိမ့်မည်။ ဒါပေမယ့်လည်း လူတွေက ထူးဆန်းထွေလာတွေများတတ်ကြသည်မဟုတ်လား။ ရတာမလို လိုတာမရတဲ့ဘဝတွေများတယ်လေ။ အစ်ကို့မျက်ဝန်းကိုကြည့်ပြီး တစ်စုံတစ်ယောက်ကိုမောင်တမ်းတမိနေသလိုပဲပေါ့။

အရံလူ (on going)Donde viven las historias. Descúbrelo ahora