Part 7

1.1K 120 4
                                    

ညနေပိုင်း ၈နာရီလောက်ဆို မောင် ပုံမှန်အလုပ်ဆင်းဖြစ်ပါသည်။တစ်ခါတစ်လေ လဲ့တို့နဲ့လျှောက်သွားတဲ့အချိန်မှသာ အလုပ်နားလေ့ရှိသည်။ လဲ့တို့အိမ်နဲ့ လင်းရောင်ဦးလေးတို့ ဆိုင်က
သိပ်မဝေးတော့ မောင့်အတွက် အဆင်ပြေသည်။
လဲ့ကတော့ အလုပ်မလုပ်စေချင်ပါ။ မောင် စာကျက်လည်းပျက်ပြီး ပင်ပန်းမှာစိုးလို့ထင်ပါသည်။ဒါပေမယ့်လည်း မောင် အလုပ်မလုပ်လို့တော့မရ။ မောင့်လိုတစ်လောကလုံးမှာ တစ်ယောက်တည်းရှိနေသည့် လူကို ဘယ်သူက လာပြီးထောက်ပံ့ပေးမှာတဲ့လဲ။ မောင် ကိုယ့်ကိုကိုယ် အားကိုးရုံပဲပေါ့လေ။

" အိမ့်ရယ် စားပွဲ နံပတ် ၃ကို ဆိုဂျူးလေးနှစ်လုံးလောက် ချပေးလိုက်ပါအုံးနော် "

"ဟုတ်..ဟုတ်ကဲ့ရှင့်"

ရေခဲသေတ္တာထဲက ဆိုဂျူးနှစ်လုံးကိုယူပြီး စားပွဲနံပတ် ၃ကို မောင်ချပေးလိုက်သည်။ တကယ်တော့ လင်းရောင်တို့ ဦးလေးဆိုင်က အရက်ဆိုင်ပါ။ ဒါပေမယ့် မိန်းကလေးတွေကိုပဲ သီးသန့်
ရောင်းသည့် အရက်ဆိုင်။ သူများနိုင်ငံတွေမှာ
အရက်ဆိုင်တစ်ဆိုင်ဆိုရင် ယောကျာ်းလေးရော
မိန်းကလေးရော ကြိုက်တဲ့သူ ကြိုက်သလို ဝင်သောက်လို့ရသည်။ ဒီနိုင်ငံကတော့ အဲ့လိုမဟုတ်။
ယောကျာ်းလေးတွက ကြိုက်သလို လွတ်လွတ်လပ်လပ်သောက်နိုင်ပေမယ့် မိန်းကလေးတွေကိုတော့ အရက်ဆိုင်မှာမသောက်ရ ဘာညာ တားမြစ်ထားသေးသည်။ လင်းရောင်တို့ဦးလေးဆိုင်က ဒါနဲ့ပြောင်းပြန်။ ယောကျာ်းလေးတွေကို ဝင်ခွင့်ပိတ်ပင်ထားပြီး  မိန်းကလေးတွေကိုသာ ဝင်ခွင့်ပေးထားသည်။ စစချင်း လင်းရောင်ဆီက ကြားတုန်းက မောင့်အတွက် သိပ်ကို ထူးဆန်းခဲ့ပါသည်။ အဲ့ဒီအကြောင်းကို လင်းရောင်ကို မောင်မေးကြည့်တော့ သူ့ဦးလေးက ယောကျာ်းသာဖြစ်တယ် ယောကျာ်းမုန်းတီးရေးဝါဒီတဲ့လေ။ အဲ့ဒါကြောင့် ဆိုင်ကိုလည်း ဘယ်ယောကျာ်းလေးမှ မဝင်ရသလို ဝန်ထမ်းများတွင်လည်း ယောကျ်ားလေးမရှိ။ထို့ကြောင့်သာ မောင်ဒီနေရာတွင်
အလုပ်ဝင်လုပ်ခဲ့ခြင်းဖြစ်သည်။

အရက်ဆိုင်ဆိုပေမယ့် ရမ်းကားပြီးဆူညံနေခြင်းမျိုးမရှိ။ ကိုယ့်ဝိုင်းနဲ့ကိုယ် ကိုယ့်အပေါင်းအဖော်နဲ့ကိုယ် တိုင်ပင်စရာရှိသည်များ
ရင်ဖွင့်စရာရှိသည်များကိုသာ သောက်လည်းသောက် စားလည်းစား ပြောလည်းပြောကြသည်ပေါ့။ မိန်းကလေးတွေအကြိုက် ပင်လယ်စာမျိုးစုံရနိုင်တဲ့ဆိုင်လည်း ဖြစ်။ မိန်းကလေးသီးသန့် ဝင်ထွက်သွားလာနိုင်သည့် ဆိုင်လည်းဖြစ်လေတော့
လူမပြတ်တမ်း စည်နေလေ့ရှိသည်။

အရံလူ (on going)Where stories live. Discover now