Part 5

1.2K 130 7
                                    

ဒီနေ့ မောင်ကျောင်းကပြန်လာတော့ အစ်မကိုမတွေ့။ ကျောင်းဝန်းကြီးရဲ့ တစ်နေရာများရှိလေမလားလို့ မောင်လိုက်ကြည့်မိပါတယ်။ဒါပေမယ့်လည်း သူမကိုမတွေ့။ဟူး....။မောင်သက်ပြင်းတစ်ခုကိုချလိုက်ပြီး ခုတင်ပေါ်သို့ လွယ်အိတ်လေးကိုပစ်တင်လိုက်သည်။ဒီနေ့မောင် ဘာဖြစ်နေတာပါလိမ့်။ ကျောင်းကပြန်လာကတည်းက သူမကိုမတွေ့တော့ တစ်ခုခုလိုနေသလို။တစ်ခုခုကိုပဲအလိုမကျဖြစ်နေသလို။'အိမ့်ဆည်းလည်းမောင်ရယ် နင်ဘာဖြစ်နေတာလဲ အရင်ကတည်းက တစ်ယောက်တည်းနေခဲ့တဲ့ဟာကို ' လို့ စိတ်ထဲကနေ ကိုယ့်ကိုကိုယ်အားပေးနေမိသည်။ စိတ်ဆိုတဲ့အရာဟာလည်း လိုရာဆွဲဖို့ခက်ခဲလှသည်။ရေမိုးချိုးပြီး စိတ်ပြေလက်ပျောက်စာအုပ်လေးတစ်အုပ်ကို ကောက်ဖတ်နေလိုက်သည်။ သို့သော်လည်း စိတ်ကစုစည်းမရ။
စာအုပ်ကိုချထားခဲ့ပြီး ပန်းပင်လေးတွေဆီသို့ ထွက်လာခဲ့ပြန်သည်။

"ပန်းပင်လေးရယ်
ဒီနေ့မောင် ဘာဖြစ်နေတာလဲဟင်"

ပန်းပင်လေးကလည်း ပြန်မဖြေ။သူတို့လည်း မောင်ဘာဖြစ်နေမှန်းမသိဘူးထင်ပါရဲ့။ အေးလေ...။မောင်ကိုယ်တိုင်တောင် မသိတဲ့ဟာ သူတို့ကဘယ် သိပါ့မလဲ။ ပန်းပင်လေးတွေကိုမြက်နှုတ် ရေလောင်းပြီး သူမများလာလေမလားလို့ မျှော်ကြည့်မိပြန်သည်။ ဒါပေမယ့်လည်း သူမ မောင့်ဆီသို့ရောက်မလာခဲ့ပါ။

ဟုတ်ပါတယ်လေ။ တကယ်တော့ ဒီနေ့ သူမ
မောင့်ဆီလာခဲ့မယ်လို့မှ ကတိမပေးခဲ့တာ။ ဘာအကြောင်းကြောင့်များ မောင်မျှော်နေရတာလဲ။
သူငယ်ချင်းဆိုတိုင်း နေ့တိုင်းတွေ့ဖြစ်ရမယ်လို့မှမရှိတာလေ။ သူမလည်း သူမအလုပ်နဲ့သူမပေါ့။
ဒီနေ့မတွေ့ဖြစ်ရင်တောင် မနက်ဖန်တော့ သူမကိုတွေ့ရမှာပါလေ။

ကိုယ့်စိတ်ကိုယ်နှစ်သိမ့်ပေးလိုက်ပြီး အပြုံးတစ်ခုကိုဖန်ဆင်းလိုက်သည်။ထို့နောက် အိပ်ယာဝင်ခဲ့သည်။ ထိုနေ့ညက စာတွေလည်း မရေးဖြစ်တော့။ ကဗျာတွေလည်း မဖွဲ့ဖြစ်တော့။ မနက်ဖန်ကိုသာ မျှော်ကိုးရင်း မောင်အိပ်ယာဝင်ဖြစ်ခဲ့ပါသည်။ ထိုနေ့ညက အိပ်မက်ထဲမှာတော့
သူမနဲ့တွေ့ဖြစ်ခဲ့ပါသည်။

အရံလူ (on going)Nơi câu chuyện tồn tại. Hãy khám phá bây giờ