Part 8

1.1K 125 10
                                    

"ဒုန်း...ဒုန်း...အိမ့်ရေ ထတော့ဟာ..."

"ဒုန်း...ဒုန်း..."

မနက်မိုးတောင်မလင်းသေး။ လဲ့မှာ အိမ့်အား လာနှိုးနေလေပြီ။ မနေ့ညက တော်တော်နဲ့ မအိပ်ဖြစ်တော့ မောင် မနက်စောစော အိပ်ရေးမဝချင်သေး။ ပိတ်ရက်မို့ အနည်းငယ်လောက် ထပ်အိပ်မည် စိတ်ကူးခါမှ ချစ်လှစွာသော သူငယ်ချင်းမှာ
တံခါးအား တစ်ဒုန်းဒုန်းမြည်အောင် ထုကာ အာပြဲစိန်ဟူသော နာမည်နဲ့လိုက်အောင် နှိုးနေပြန်ပါပြီ။

"အိမ့် ထတော့ဟာ
ငါပြောစရာရှိလို့"

ဒီတစ်ခါ မောင်ကြားလိုက်ရသည်မှာတော့ လဲ့ အသံ မဟုတ်။ညီညီရဲ့အသံ ။ မနက်စောစော
ညီညီက မောင်တို့ဆီရောက်နေတာ ဟုတ်ပါ့မလား ။မဖြစ်နိုင်ပါဘူးဟုတွေးပြီး ဆက်အိပ်ဖို့လုပ်လိုက်သည်။

"ဟေ့ အိမ့်... ငါတို့တောင်ရောက်နေပြီ
ခုထိ မထသေးဘူးလား"

ဒီတစ်ခါကြားလိုက်ရသည်မှာတော့ ညီညီ့အသံမဟုတ်တော့။ လင်းရောင်ရဲ့ အသံဖြစ်သွားချေပြီ။ သူတို့တွေ မနက်စောစောစီးစီး သူများအိမ်ကို
ဘာလာလုပ်ကြသည်မသိ။တကယ်ပါ...
အလိုက်မသိတဲ့ဟာလေးတွေ။

"အိမ့်...နင်ထမလား
ငါတို့ဖောက်ထွင်းပြီးဝင်လာရမလား"

မောင် မထ၍ဖြစ်တော့မည်မဟုတ်။ မထချင်ပေမယ့် အိပ်ယာမှ လူးလဲထလာလိုက်သည်။ဒီဟာလေးတွေကိုတော့ တန်းစီပြီးသာ ခေါင်းခေါက်လိုက်ချင်တော့သည်။

"ဘာလဲဟာ...စောစောစီးစီး
ဘာလာလုပ်ကြတာလဲ"

"အိမ့်ရေ...ကယ်ပါ
နင်မကယ်ရင် ငါ့အစ်မပွဲက ပျက်တော့မှာ"

မောင် တံခါးကိုဖွင့်လိုက်သည်နှင့် သုံးယောက်သား တိုးဝှေ့ပြီးဝင်လာကြတော့သည်။ ထို့နောက် မောင့်အိပ်ခုတင်ပေါ်တွင် ထိုင်နေကြသည်။ တကယ် မနိုင်စိန်တွေပါပဲ။

"ဘာလဲ..ဘာဖြစ်တာလဲ
တကယ် ကောင်းကောင်းကိုမအိပ်ရဘူး"

"အိမ့်...လာထိုင်အုံး..ပြောစရာရှိတယ် နင့်ကို"

"ဘာလဲပြော.."

"ငါ့အစ်မကိုကယ်အုံး"

"ဘာဖြစ်လို့လဲ..နင့်အစ်မက
တစ်ခုခုဖြစ်ရင်လည်း
ဆေးခန်းသွားပြလိုက်ပါလား
ဘာလို့ငါ့ကိုလာကယ်ခိုင်းတာလဲ"

အရံလူ (on going)Where stories live. Discover now