Part 10

1.1K 100 0
                                    

ကျောင်းကစီစဥ်ပေးတဲ့excursion တစ်ခုကို သူငယ်ချင်းတွေနဲ့အတူ ထွက်ဖြစ်ခဲ့သည်။အစတုန်းက မလိုက်တော့ဘူးဟု မောင်တွေးထားသော်လည်း လဲ့တို့က အတင်းခေါ်နေသည်က တစ်ကြောင်း မောင့်စိတ်တွေလည်း အနည်းငယ်
နေသာထိုင်သာရှိလေမလားဟု တွေးမိသည်က တစ်ကြောင်းမို့ နောက်ဆုံး ခရီးစဥ်လေးမှာ မောင်ပါဝင်ဖြစ်ခဲ့သည်။ မောင်ပြောခဲ့သလိုပဲပေါ့။ အစ်မစိတ်နဲ့ မောင့်ခန္ဓာကိုယ်ပါလို့လေ။ ဘယ်နေရာသွားသွား သူ့ရဲ့စက်ကွင်းက လွန်မြောက်သွားတယ်လို့ မရှိခဲ့ပါ။တောင်တန်းတွေဆီလည်း ရောက်ဖြစ်ခဲ့ပါသည်။ မောင့်အလွမ်းတွေကို ပါဆယ်လေးထုတ်ပြီး ဟိုးတောင်ထိပ်ဆီကနေလည်း ပစ်ချခဲ့လိုက်ပြီးပြီ။ပင်လယ်ပြာပြာဆီကိုရောက်တော့လည်း အစ်မကိုချစ်တယ်ဆိုတဲ့အကြောင်းအရာလေးကို စက္ကူလှေကလေးလုပ်ပြီးလည်း ရေစုန်ရာပါလေရော့လို့ မျောချခဲ့ပြီးပါပြီ။ ဆုတောင်းပြည့်ဘုရားလို့မြင်လိုက်တိုင်းလည်း အပြေးလေးသွားပြီး ဆုပန်ခဲ့သေးသည်။
ဘယ်နေရာရောက်ရောက် အစ်မတစ်ယောက်ပျော်ရွှင်ပါစေပေါ့။ဆုတောင်းပြည့်ဆိုတော့ တကယ်များပြည့်လေမလားလို့တွေးပြီး မရဲတရဲလေး တောင်းဆုတစ်ခုကိုလည်း ထပ်ပြုခဲ့သေးသည်။ ဖြစ်နိုင်ရင် အစ်မတစ်ယောက် မောင့်ဘက်ကို နည်းနည်းလေး လှည့်ကြည့်လာပါစေပေါ့။ ဆုတောင်းပြည့်ဘုရားကတော့ စိတ်တွေလည်း ညစ်နေလောက်ပါပြီလေ။ မဖြစ်နိုင်တဲ့
တောင်းဆုတွေ လာပြုရသလား ဆိုပြီးတော့။

တွေ့တဲ့သစ်ပင်ကလေးတွေမှာလည်း အစ်မကိုချစ်တဲ့အကြောင်းဖွဲ့နွဲ့ပြီးရေးခဲ့သေးသည်။ ကလေးဆန်တယ်လို့ ပြောရင်လည်း ပြောကြပါတော့။အစ်မတစ်ယောက်ကလွဲပြီး တစ်လောကလုံးကို အစ်မကိုမောင်ချစ်တဲ့အကြောင်း ပြောထွက်ရဲပါသည်။ဥပမာ...တောင်တန်းကြီးတွေ၊ ပင်လယ်ပြာတွေ...၊လေညှင်းလေးတွေ...ပြီးတော့
ငှက်ကလေးတွေကိုပေါ့။ကားစီးလာရင်း ပြတင်းတံခါးလေးဖွင့်ကြည့်မိတော့ အော်...မိုးဖွေးလေးတွေကျနေပါရောလား။
မောင့်အရပ်မှာတော့ မိုးဖွေးလေးတွကျနေတယ် အစ်မရယ်...အစ်မရှိတဲ့အရပ်မှာရော...မိုးရွာနေလေမလား လို့တိုးတိုးလေးဆိုမိတယ်။တစ်ခါတစ်လေများတော့ ဒီလိုဖြစ်တည်မှုလေးဖြစ်လိုက်ချင်ပါသည်။ မိုးသည်းတဲ့နေ့မှာ အစ်မမေ့ကျန်ခဲ့တဲ့ ထီးလေးတစ်လက်လို ဖြစ်တည်မှုမျိုးလေ။ တိုက်ဆိုင်မှုရှိရင်  ဒါမှမဟုတ် လိုအပ်မှုတွေရှိလာခဲ့ရင် ပြေးပြီးသတိတရလေးဖြစ်မယ့် အရာလေးပေါ့။
ဆွေးဆွေးမြေ့မြေ့လေးနဲ့ သီချင်းတစ်ပုဒ်ကိုဖွင့်ရင်း နားကျပ်လေးကိုတပ်ပြီး နားထောင်မိသည်။ ပြီးတော့ ကဗျာစာအုပ်လေးကို ထုတ်ပြီးမှတ်မိလေတော့

အရံလူ (on going)Where stories live. Discover now