Part 2

1.6K 151 3
                                    

ဒီနေ့ အမေဖြစ်သူစိတ်ကောင်းဝင်နေသဖြင့် အိမ့်ဆည်းလည်းမောင်မှာ ကျောင်းသို့သွားခွင့်ရသည်။ အနည်းငယ်နွမ်းနေသော အဖြူအစိမ်းလေးကို ဝတ်ဆင်လိုက်ပြီး သွေးသနပ်ခါးလေးကိုလိမ်းကာ မောင်ကျောင်းသွားဖို့ပြင်ဆင်နေသည်။
မောင်ဝတ်ထားတဲ့အဖြူအစိမ်းမှာနွမ်းနေပေမယ့် တခြားတစ်စုံလဲဖို့ရန် မောင့်မှာမရှိ။ ဟူး....။ ကိုယ်ဝတ်ထားတဲ့အဖြူအစိမ်းလေးကို မှန်ထဲကနေကြည့်ရင်း မောင် သက်ပြင်းတစ်ချက်ချလိုက်သည်။ တစ်ချို့လူတွေကပြောကြပါသည်။ သက်ပြင်းတစ်ခါချလိုက်ရင် အသက်တစ်ရက်တိုတယ်တဲ့။ အဲ့စကားသာမှန်ရင် လူ့သက်တမ်းရဲ့တစ်ဝက်တောင် မောင်အသက်ရှည်ပါ့မလား မသိ။ ဘာပဲပြောပြော အမေစိတ်ကောင်းဝင်တုန်း ကျောင်းသို့သွားခွင့်ရသည်ကိုပင် ကျေးဇူးတင်ရပေအုံးမည်။ အမေ့အတွက် ထမင်း ဟင်း သေချာပြင်ဆင်ခဲ့ပြီး မောင်ကျောင်းသွားဖို့ထွက်ခဲ့သည်။

"အမေရယ် မောင် ကျောင်းသွားတော့မယ်နော် "

"......"

ဟိုတစ်လောက ကြီးမြတို့ဆိုင်မှာ ဇာတ်ကားတစ်ကားကြည့်လိုက်ရသေးသည်။ ကျောင်းသွားခါနီး ကလေးတွေက ဒီလိုနှုတ်ဆက်တော့ အမေဖြစ်သူမှာ ပြေးထွက်လာပြီး 'ကောင်းကောင်းစာသင်ခဲ့နော် သူငယ်ချင်းတွေနဲ့ရန်မဖြစ်နဲ့'ဟုပြောကာ ပါးလေးကို အနမ်းပေးလိုက်သည်။ မောင်လည်း အနမ်းမရရင်တောင် အင်းအင်းသွား လို့ပြောတာလေးကို ကြားချင်၍ နှုတ်ဆက်လိုက်ခြင်းသာဖြစ်သည်။ သို့သော် အခန်းထဲက အမေကတော့ ဘာသံမှကိုမတုံ့ပြန်။ မောင်တိတ်တိတ်လေးနေပြီး ခနစောင့်လိုက်ပါသေးသည်။ ဒါပေမယ့်လည်း မောင်မျှော်လင့်ထားသလို အမေက နှုတ်ဆက်စကားမပြော။ ဟူး....။ သက်ပြင်းတစ်ချက်ထပ်ပြီး ချမိပြန်ပြီ။ ဘာပဲပြောပြော မောင်ကျောင်းသွားရပါလားဟု တွေးပြီး ပြုံးဖြစ်အောင် ကြိုးစားပြုံးလိုက်သည်။ ထို့နောက် ပြတ်ခါနီးနေသော သားရေဖိနပ်လေးကို စီးပြီး ကျောင်းသို့ထွက်လာခဲ့သည်။

မောင်ကျောင်းသွားနေတဲ့အချိန် တခြားကလေးများမှာလည်း ကျောင်းသို့ အသီးသီးသွားနေကြသည်။ တစ်ချို့ဆိုရင် အမေရဲ့လက်ကိုဆွဲလို့။ တစ်ချို့ဆိုရင် သူငယ်ချင်းနဲ့စကားတွေပြောလို့။ တစ်ချို့ကတော့ အဖေရော အမေပါ ပြုံးပျော်ပြီးလိုက်ပို့လို့။ လမ်းတစ်ခုလုံးမှာ မောင်တစ်ယောက်တည်းသာ အထီးတည်းဖြစ်နေသည်။ သို့ပေမယ့် မောင်အားမငယ်ပါ။ နာနာထုတဲ့အိုးက ပိုပြီးခိုင်တယ်တဲ့လေ။ လောကဒဏ်တရားဆိုတဲ့အထဲမှာ တစ်ယောက်တည်း အထီးကျန်နေရခြင်းလည်းပါတယ်လို့ မောင်မတွေးထား။ တစ်ယောက်တည်းဖြစ်နေရင်တောင် မောင်ဟာ ရပ်တည်နိုင်ရမည်။

အရံလူ (on going)Where stories live. Discover now