Chapter 1‌ ကျောင်းပြောင်းလာခြင်း

9.9K 881 7
                                    

Unicode

လမ်းနှစ်ဘက်လုံးတွင် စိမ်းလန်းစိုပြေသော သစ်တောများရှိသည်။ သစ်ကိုင်းများနှင့် သစ်ရွက်များက ယိမ်းနွဲ့နေကာ အလွှာလိုက်အရိပ်များကလည်း ရုပ်ရှင်ဖလင်များကဲ့လို့ တောက်ပနေပြီး ကားပြတင်းပေါက်မှတဆင့် ကျန်ချီ၏ မျက်လုံးများကို ဖမ်းစားထားနိုင်သည်။

"Saintston College(စိန့်စတွန်ကောလိပ်) ကိုရောက်ဖို့ ဆယ်မိနစ်။"

ဒရိုင်ဘာက တတိယအကြိမ် အသံလွှင့်တယ်။ လက်အိတ်ဖြူဝတ်ထားသော သူ့၏လက်များက စတီယာရင်ဘီးကို တည်ငြိမ်စွာလှည့်ကာ လမ်းကြောင်းထဲသို့  တိုးဝင်ကာမောင်းနှင်သွားခဲ့သည်။

ကျန်ချီ သည် သူ့အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ပြီး နှစ်နာရီကြာ ကားစီးလာခဲ့ရတဲ့အတွက် တောင့်တင်း‌ေနသော ခန္ဓာကိုယ်ကို ကား၏ သားရေထိုင်ခံုပေါ်‌တွင် ဖြည်းညှင်းစွာ ဖြေလျှော့ပြီး ပြန်မှီ‌ေနလိုက်သည်။ သူ့ရဲ့ ကျောင်းဝတ်စုံ လည်စီးကတင်းကြပ်နေတာကို ခံစားနေရတုန်းပဲ၊ ဒီနေ့တနေ့လုံး ဒီလည်စီးကိုဖြည်ဖို့ လက်ဘယ်နှစ်ခါမြှောက်ပြီးပြီလဲတောင် မသိတော့ဘူး။

သူက အနောက်တိုင်းပုံစံ ယူနီဖောင်းကို မဝတ်တတ်သေးဘူး။ ဒါမှမဟုတ် အရင်က တစ်ခါမှဒီလိုမျိုး မဝတ်ဖူးဘူးလို့ပြောတာပိုမှန်လိမ့်မယ်။Saintston College(စိန့်စတွန်) ကိုရောက်ခါနီးလာ‌ေလ သူ့ကို ပိုပိုပြီး စိတ်မသက်မသာနဲ့ စိုးရိမ်လာစေတယ်။

ကျန်ချန်းချောင် က ဝင်ခွင့်စာအိတ်နဲ့ ကျောင်းယူနီဖောင်းကို လက်ခံရရှိတုန်းကဆိုရင် ကျန်ချီထက် ပိုပြီးတော့တောင် စိတ်လှုပ်ရှား‌ေနသလိုပဲ။ ကျန်ချီရဲ့ခါးကို ဟူကို့ (လက်မနှင့်လက်မညှိုးကြားရှိ အခွက်) ဖြင့် တိုင်းတာနေစဉ်တွင် သူက ကြမ်းတမ်းသောလက်များဖြင့် သူ့မျက်ခမ်းစပ်က မျက်ရည်များကိုသုတ်လိုက်ပြီး

"သားလေး အဖေအိမ်မက္မက္နေတာမဟုတ်ဘူးမလား" နဲ့

"ဒါက တကယ့်ကို Saintston(စိန့်စတွန်) ရဲ့ သတိပေးစာပဲ" လို့ ငြင်သာစွာပြောနေသေးတာ။

တကယ်တော့ ကျန်ချီက ဒီအရာအားလုံးကို မြန်မြန်ဆန်ဆန် ဖြစ်လာဖို့ မမျှော်လင့်ထားပါဘူး။ စာချွန်လွှာစာအုပ်မှာ ရှိသင့်တဲ့ အစီအစဉ်ထက် ပိုစောပြီး လက်တွေ့ဖြစ်လာသလိုပဲ။

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now