2.9K 310 23
Unicode
BCတွေရဲ့အိပ်ဆောင်က Thalesအဆောက်အဦကြီးရဲ့ မြောက်ဘက်မှာရှိပြီး မိသားစုတစ်စုနေလို့ရတဲ့ တိုက်ခန်းတွေဖြစ်တယ်။ ကျန်ချီသည် ရှောက်ဟန်ထားခဲ့တဲ့ အိမ်နံပါတ်ရှေ့မှာ စက္ကန့်အနည်းငယ်လောက် ခဏရပ်ပြီး‌‌ေနာက် ဘဲလ်တီးလိုက်သည်။
"ဝင်ခဲ့"
သူ့ရှေ့မှာရှိ‌ေနတဲ့ အခန်းက အသေးစိတ်ကအစ သပ်သပ်ရပ်ရပ်ပြုပြင်ထားတဲ့အခန်းလို့ပြောရင် ပိုပြောတာမဟုတ်ဘူး။ ကျန်ချီသည် တံခါးဝမှာရပ်လိုက်ပြီး အထဲမဝင်သေးပေ။ မိနစ်အနည်းငယ်ကြာပြီးနောက် ရှောက်ဟန်သည် မီးခိုးရောင်bathrobeကိုဝတ်ထားပြီး အခန်းတစ်ခုထဲကထွက်လာပုံက အခုမှ ရေချိုးပြီးတဲ့ပုံပဲ။ ရေချိုးပြီးနောက် သူ့ပါးပြင်တွေကနီရဲနေကာ ဆံပင်များက ရှုပ်ပွနေပြီး လည်ပင်းအနည်းငယ်ဟနေတဲ့ ဝတ်စုံကြောင့် ရင်ဘတ်တစ်ဝက်လောက်ကို ပေါ်နေစေသည်။ သူက တံခါးနားမှာရပ်နေတဲ့ကျန်ချီကိုကြည့်ပြီး နှုတ်ခမ်းထောင့်ကမြှင့်တက်သွားပြီး
"မင်းကို ငါ ဝင်ခဲ့ဖို့ ပြောလိုက်သလားလို့"
ကျန်ချီက အခန်းထဲကို ခြေမလှမ်းဘဲ ခေါင်းကိုငုံ့ကာ လက်ဆောင်ဘူးကို ကြမ်းပြင်ပေါ်ချလိုက်ပြီး လေးနက်သောစာကြောင်းတစ်ခုကို ပြောခဲ့သည် "မင်းပစ္စည်းတွေ" 
(Lamo😶 အရမ်းလေးနက်လွန်းတယ်👀)
ရှောက်ဟန်ရဲ့ မျက်ခုံးများက အလိုမကျစွာ တွန့်ချိုးသွားပြီး လက်နှစ်ဖက်ပိုက်ကာ တစ်လှမ်းချင်းလျှောက်လာသည်။ ကျန်ချီက မရှောင်သောကြောင့် လက်သီးတစ်ချက်ထိုးစာအကွာအဝေးအ‌ေရာက်တွင် ရှောက်ဟန်ရဲ့အကြည့်နဲ့ဆုံသွားပြီး နောက်ဆုံးတော့ တည်ငြိမ်စွာပြောလိုက်သည် "ငါ မင်းကို လာတွေ့ပြီးပြီ အခု မင်း ဗီဒီယိုကို ဘယ်ချိန်ဖျက်ပေးမှာလဲ?"
"ဘာလို့ အဲ့လောက်မြန်မြန် ထွက်သွားချင်နေရတာလဲ?" ရှောက်ဟန်က သူ့တံတောင်စစ်ဖြင့် တံခါးဘောင်ကိုလှမ်းထောက်ကာ ခေါင်းငုံ့လိုက်ပြိး ကျန်ချီထံသို့ ချဉ်းကပ်လိုက်သောကြောင့် သူအသက်ရှူလိုက်တိုင်းမှာ ပူရှိန်းအနံ့ရေချိုးဂျယ်လ်ကို တစ်ရှိုက်ရနေသည် "မင်းက ငါ့ကိုလာတွေ့တာမဟုတ်ဘူးလား? လက်ဆောင်လေးတောင် မပါဘူးလား? စိတ်မကောင်းဖြစ်သွားပြီ"  
You've reached the end of published parts.
⏰ Last updated: Jul 29, 2023 ⏰
Add this story to your Library to get notified about new parts!
အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now