Chapter 9 စိုရွှဲသွားသောခန္ဓာကိုယ်/ စို႐ႊဲသြားေသာခႏၶာကိုယ္

3.9K 666 20
                                    

Unicode

စာကြည့်တိုက်ကို နေ့လယ်စာစားချိန်မှာ ဖွင့်ထားပြီး ကော်ဖီဆိုင်ကနေ စာသင်ခန်းနှစ်ခန်းကို ဖြတ်သွားလိုက်ရင်ရောက်တယ်။ ကျန်ချီသည် တတ်နိုင်သမျှ သေးငယ်သော အာရုံစူးစိုက်မှုကို လျစ်လျူရှုထားလိုက်ပြီးနောက် ပိုင်ရှီယုက သူ့အနားတွင် စူးစူးဝါးဝါး မေး‌ေနသံကြားလိုက်ရသည် "ကျန်ချီ ၊ မင်းကဘယ်အတန်းကို ရွေးလိုက်တာလဲ။ ငါ့စာသင်ခန်းထဲမှာ မင်းကိုမတွေ့ဖူးဘူး"

ကျန်ချီက သူ့‌ေရွးချယ်ထားတဲ့သင်တန်းအချိန်‌ေတွကို ပြောပြပြီး “မင်းရော ဘယ်လိုလဲ” လို့ မေးလိုက်တယ်။

ပိုင်ရှီယုက သူ့ခေါင်းကို ရှက်ရွံ့စွာနဲ့ပွတ်သပ်လိုက်ပြီး “ငါကတော့.. စာပေအလေးအမြတ်ပြုမှု..၊ ပြဇာတ်..၊ ဇီဝဗေဒနဲ့.. သင်္ချာဘာသာရပ်ကိုပဲ... ရွေးချယ်ခဲ့ရတယ်..။ ငါ့ကို မရယ်နဲ့
‌ေနာ်... ငါ့ရဲ့ သိပ္ပံပညာ‌ေပါ်အာရံုစိုက်မှုက.. အရမ်းဆိုးနေတော့.. ကိုယ့်ကိုကိုယ် ညှဉ်းပန်းနှိပ်စက်တဲ့.. သူတွေလိုမျိုး.. မဖြစ်မနေရွေးချယ်လိုက်လို့မဖြစ်ဘူးလေ...။ ငါတို့အတန်းချိန်‌ေတွက... မတူဘူးပဲ... စိတ်မကောင်းစရာကြီး။”

ကျန်ချီကတော့ သူအရမ်းနိမ့်ချနေတယ်လို့ တွေးလိုက်တယ်။ အကယ်၍ သူသာ သိပ္ပံပညာရပ်မှာ မတော်ခဲ့ဘူးဆိုရင် ဝင်ခွင့်အလွန်တင်းကျပ်သော Saintston ကောလိပ်သို့ တက်ရောက်နိုင်မည်မဟုတ်ပေ။

"ကိစ္စမရှိပါဘူး၊ ငါက လစ်ဘရယ်အနုပညာကို မကျွမ်းကျင်ဘူး၊ ဘာသာရပ်တိုင်းမှာ တစ်ခုခုကိုတော့မရကြတာ ပုံမှန်ပါပဲ။"

“မင်း ငါ့ကို နှစ်သိမ့်ပေးနေတာ ငါသိပါတယ်…”

"ပိုင်ရှီယု.. ပိုင်ရှီယု..!"

ပိုင်ရှီယုရဲ့ မပြီးဆုံးသေးတဲ့ စကားလုံးတွေကို အနောက်ကနေ အော်သံနှစ်ခုဖြတ်ထုတ်လိုက်တယ်။

ကျန်ချီလှည့်ကြည့်လိုက်တော့ ပိုင်ရှီယုနဲ့သိတဲ့ အထူးကျောင်းသားသစ်တစ်ယောက်ဖြစ်မယ်။

"မင်းငါ့ကိုခေါ်နေတာလား" ပိုင်ရှီယုတစ်ယောက် အံ့သြသွားပြီး နှစ်ခါလောက် မျက်တောင်ခတ်လိုက်ကာ "တစ်ခုခုမှားနေလို့လား"

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now