Chapter 22 အသင်းဝင်/ အသင္းဝင္

3.5K 632 30
                                    

Unicode

“ကျန်ချီ” ကျန်းယန်က အတော်ကြာရုန်းကန်လိုက်ရပြီးမှ “HSရဲ့ မကြာသေးခင်ကပိုစ့်အသစ်ကိုဖတ်ပြီးပြီလား?”

ကျန်ချီသည် ကျန်းယန်ဘာလို့ဒီမေးခွန်းကို မေးရသလဲမသိပါ “တစ်ယောက်ယောက်က ငါ့အကြောင်းကိုတင်ထားလို့လား?”

ကျန်းယန်က စကားတစ်ခွန်းမှပြန်မပြောပေ။ သူ တခဏလောက် ဦးနှောက်လှိုင်းများတုန်ခါသွားပြီး နှစ်သိမ့်စကားအနည်းငယ်ထွက်လာသည်- “ကြည့်မ‌ေနနဲ့ ကြည့်ပြီးသွားရင်တောင် စိတ်မပူနဲ့ သူတို့က ဖြည့်စွက်စာစား‌သလိုပဲ ခဏကြာရင် မေ့သွားကြလိမ့်မယ်”

ကြည့်ဖို့မလိုပါဘူး။ ကျန်ချီသည် ထိုပိုစ့်အကြောင်းအရာကိုခန့်မှန်းနိုင်သည်။

ဝမ်ချွမ်း၏ '‌ေကျးဇူးတင်တယ်'ဟူသောစကားက သူ့နားထဲဝင်ရောက်လာတဲ့အခါ ကျန်ချီသည် သုံးစက္ကန့်လောက်ရပ်တန့်သွားသည်။ BCsတွေက ကိုယ်ရေးကိုယ်တာကြောင့် ကျေးဇူးတင်တာကိုသိလိုက်ရတော့ သူနဲ့နှိုင်းယှဉ်လိုက်တဲ့အခါ အရာအားလုံးပြီးဆုံးသွားသလိုပဲ။ 

ဝမ်ချွမ်းက သူ့အသံကိုမတိုးထားတဲ့အပြင် တစ်ခန်းလုံးရှေ့တွင် သူ့အတန်းဘေးရပ်‌ေနခဲ့သည်။ ကျန်ချီသည် အနောက်တန်းတွင်ထိုင်နေသောသူများ ဒီစကားကိုသေချာပေါက်ကြားလိမ့်မည်ဟု သိသည်။ သူတို့က သတ်မှတ်ထားတဲ့အကွာအဝေးတစ်ခုခြားနေရင်တောင် သူ့ရဲ့ပါးစပ်လှုပ်ပုံကိုကြည့်ရုံနဲ့ ရိုးရှင်းတဲ့စကားလုံးနှစ်လုံးကို ကောက်ချက်ချကြည့်နိုင်သည်။

(TN/ 谢谢- xiexie)

ကျန်ချီသည် မနက်စောစောတွင် Saintston‌ေကျာင်းသား‌ေတွရဲ့ အတင်းဖျင်းစွမ်းရည်ကို သင်ကြားခွင့်ရလိုက်သည်။ ပိတ်ပင်ထားတဲ့ပညာရေးအကြောင်းအရာများကြောင့် သူတို့ကို ကျောင်းဝင်းထဲမှာ နှစ်တစ်နှစ်ရဲ့ သုံးပုံနှစ်ပုံထိ နေခွင့်ပေးထားပြီး ကျောင်းကို လူငယ်အဖွဲ့အစည်းလေးတစ်ခုအဖြစ် ပြောင်းလဲစေခဲ့သည်။

သူတို့ပတ်ဝန်းကျင်ကလူတွေရဲ့ လှုပ်ရှားမှုတွေကတော့ ပျင်းလာတဲ့အခါ စကား(အတင်း)ပြောနေကြတာပါပဲ။ YCနဲ့ RCတို့က အထူးစာရင်းသွင်းမှုတွေကို ကြားဖြတ်ပြောသည် အိမ်မွေးတိရစ္ဆာန်တွေလို နှောင့်ယှက်ပြီး သူတို့ကိုလေးစားမှုမပြတာ‌ေတွ ကျန်ချီအကြိမ်တေယ်တော်များများ မျက်မြင်တွေ့ဖူးသည်။ ဝင်မပါတဲ့ PCတချို့က ထိုင်ကြည့်‌ေနလေ့ရှိပြီး စိတ်ဝင်စားစရာတစ်ခုခုဆိုရင် ပြုံးနေတတ်သည်။

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now