Chapter 20 သတိလစ်ခဲ့သည်/ သတိလစ္ခဲ့သည္

3.8K 651 39
                                    

Unicode

ကျန်ချီ စာပေကလပ်အသင်းကနေနှုတ်ထွက်ခဲ့သည် အကြောင်းပြချက်တစ်ခုကတော့ ရှောက်ဟန်နဲ့ ထိပ်တိုက်မတွေ့ချင်လို့ နောက်တစ်ခုက တခြားဘာသာတွေရဲ့ အကဲဖြတ်မှတ်တမ်းတွေကို စုဆောင်းနေရလို့ ဖြစ်သည်။ ခေါင်းလောင်းမြည်သံကြားပြီးနောက် ကျန်ချီသည် သူ့ရဲ့စာအုပ်နဲ့ မှတ်စုစာအုပ်တွေကိုပွေ့ပိုက်ပြီး စာကြည့်တိုက်ထဲသို့ လျှောက်ဝင်သွားသည်။ တစ်ချက်ကြည့်လိုက်တော့ လူအုပ်ထဲက အနီရောက်အရိပ်ကိုမြင်လိုက်ရပြီး သူ ပြန်ထွက်သွားချင်စိတ်တောင်ပေါက်သွားသည်။

ဒါကတော့ သူတမင်မရည်ရွယ်ဘဲဖြစ်သွားတဲ့ တိုက်ဆိုင်မှုသပ်သပ်ပါ။ သူထွက်သွားဖို့ကောင်းတဲ့ တစ်ခုတည်းသောအချိန်က အတန်းမတက်တဲ့ရှောက်ဟန်စီကနေပြေးသွားလိုက်တာပါပဲ။ 'အတန်းပြေး'လို့သတ်မှတ်လိုက်ရတဲ့အကြောင်းရင်းကတော့ ရှောက်ဟန်က အပြင်ထွက်ဖို့ခွင့်တောင်းထားလိမ့်မယ်လို့ ကျန်ချီမယုံကြည်သောကြောင့်ဖြစ်သည်။ 

နေ့လည် မွန်းတည့်ချိန်ဖြစ်နေပြီး ရှောက်ဟန်က နေရောင်တောက်ပနေတဲ့ ပြတင်းပေါက်အပြင်ဘက်ကို မျက်နှာမူထိုင်ကာ မေးစေ့ကိုလက်တစ်ဖက်ဖြင့်ထောက်ထားကာ စာအုပ်တစ်အုပ်ကို သူ့အရှေ့တွင်ဖြန့်ထားသည်။ သူ့ရဲ့ ရမ်းကားလိုတဲ့အမူအရာရှိတဲ့ မျက်ခုံးတန်းများက ပြေလျော့ကျနေကာ အနည်းငယ်မှုန်မှိုင်းနေပြီး လေးနက်နေပုံရသော်လည်း သူ့ပါးစပ်ကိုဖွင့်လိုက်တာနဲ့ ဒီလိုရှားပါးသောခံစားမှုမျိုးက လုံးဝပျက်စီးသွားမယ်ဆိုတာ ကျန်ချီသိနေသည်။  

ပတ်ဝန်းကျင်မှာဘာမှမရှိလို့ ဘယ်သူမှမမြင်နိုင်ပေမယ့် လူများစွာက ရှောက်ဟန်ကို တိတ်တဆိတ်ကြည့်နေကြသည်။ ကျန်ချီ လမ်းလျှောက်လာသောအခါ “အထူးဧည့်သည်ရှိလို့ စာကြည့်တိုက်ကိုလာရတာပဲ” လို့ တစ်စုံတစ်ယောက်က တီးတိုးပြောနေသံကိုကြားလိုက်ရသည်။ တောရိုင်းကစားတဲ့ အရာကိုစားလေ့ရှိပြီးမှ အိမ်ချက်မွှေကြော်ကို စမ်းစားကြည့်ရသလိုမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျန်ချီက သူ့စိတ်နှလုံးသား အောက်ခြေကို ပြန်မှန်းဆနေရသည်။

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now