3.1K 579 53
Unicode
ဒီအလဲလှယ်မျိုးက အတော်လေး ဆွဲဆောင်မှုရှိပြီး သူနဲ့ ဝမ်ချွမ်း ဘယ်သူက ပိုပြီးအကျိုးရှိမလဲဆိုတာ အလေးအနက်တွေးနေတော့တယ်။
ဆွေးနွေးဖို့ ငြင်းဆန်ပြီးတဲ့နောက် ဝမ်ချွမ်းက စာမပြန်သေးဘူး။ စာကို မြင်တာလား မမြင်တာလားတောင်မသိ။ ကျန်ချီကတော့ ထိုစာတွေကို မြင်ပေမယ့်လည်း မမြင်ချင်ယောင်ဆောင်ပြီး တခြားဟာကို ကြည့်နေလိုက်တယ်။ နေ့လည်ဘက် ကျန်းယန်နဲ့ ကန်တင်းကို‌သွားတဲ့အခါ ရင်းနှီးနေတဲ့အနေအထားနဲ့ပဲ ဝမ်ချွမ်းကို အံ့ဩစွာတွေ့လိုက်ရသည်။ သူ့ပတ်ဝန်းကျင်ကလူတွေရဲ့ အာရုံစိုက်မှုတွေကို သတိမထားပဲ ခေါင်းကိုလှည့်လာပြီး အေးသစက်တဲ့မျက်လုံးအကြည့်နဲ့ ဘောင်ခတ်ထားကာ အကြည့်စုံမိရင် ပြန်မလွှဲနိုင်အောင်ပဲ။
ကံမကောင်းစွာ အကြည့်ခံလိုက်ရတဲ့သူက ကျန်ချီဖြစ်နေတယ်။
ကျန်းယန်က သံသယဖြင့် "သူ ငါတို့နဲ့ ပူးပေါင်းချင်နေတာလား?"
"ဖြစ်နိုင်တယ်" ကျန်ချီက တည်ငြိမ်စွာပြောလိုက်တယ်။
ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေက 'No'ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကို လုံးဝကိုနားမလည်ကြဘူးထင်တယ် အထူးသဖြင့် ရှောက်ဟန်နဲ့ ဝမ်ချွမ်းပဲ။
သူတို့မှာ ကျန်ချီနားမလည်နိုင်သော မတူကွဲပြားတဲ့ ဆွဲဆောင်အားနဲ့ ဆက်စပ်မှုတွေရှိနေတယ်။ အဲ့တာကို ပြောရမယ်ဆိုရင် တချို့ကိစ္စတွေအပေါ်မှာ သူတို့ရဲ့တွေးခေါ်ပုံတွေက သာမန်လူတွေနဲ့မတူဘူး။ ပြီးတော့ သူတို့ဘဝလျှောက်လမ်းတွေကလည်း အစကနေအဆုံးထိ 'သာမန်လူ'ဆိုတာနဲ့ ဆန့်ကျင်ဘက်ပဲ။
ကျန်ချီက ရှောက်ဟန်ကို အလွယ်လေး ငြင်းပစ်နိုင်ပေမယ့် ဝမ်ချွမ်းကိုတော့ ပွင့်ပွင့်လင်းလင်း ငြင်းဆိုလိုက်ဖို့ ခက်ခဲနေတယ်။ ကျန်းယန်က ဝမ်ချွမ်းပါလာတာကို စိတ်ထဲမရှိဘဲ စကားအနည်းငယ်ပြောကာ နှုတ်ဆက်လိုက်တယ်။
ကျန်ချီက သူ့ကိုတားဖို့နောက်ကျသွားတာ သိလိုက်ရ‌ေတာ့ တိတ်တဆိတ်ပဲ ဝမ်ချွမ်းရဲ့အနား ဝင်ထိုင်လိုက်သည်။ သူက အရမ်းတိတ်ဆိတ်နေလို့ နောက်လူတစ်ယောက်ရှိနေတာကိုတောင် မသေချာတော့ဘူး။ တစ်ခါတစ်လေ ဝမ်ချွမ်းက ပေါ့တန်တန်နေပေမယ့်လည်း ကျန်ချီက သူ့ရဲ့ဖြစ်တည်မှုကို နားလည်ပေးနိုင်ပါတယ်။
အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now