Chapter 23 အထူးတလည်/ အထူးတလည္

3.5K 633 37
                                    

Unicode

Saintstonရဲ့ ကျောင်းသားသမဂ္ဂသည် စီမံခန့်ခွဲမှုတွေမှာ ပြောဆိုပိုင်ခွင့်တွေရှိပြီး ကိစ္စများစွာမှာ သူတို့ထင်ထားတာထက်ကို ပိုပြီးထုတ်ပြောပိုင်ခွင့်ရှိသေးသည်။

ကောလိပ်‌ေကျာင်းကြီးကိုယ်တိုင်က ကျောင်းသားမိသားစုတွေရဲ့ နောက်ခံပေါ်မူတည်ပြီး ကျောင်းရဲ့ဂုဏ်သတင်းကိုတန်ဖိုးထားကြသည်။ သူတို့နှစ်ဖက်လုံးက တစ်ဖက်ကိုမျက်စိပိတ်နာခံတာထက် ပူးပေါင်းဆောင်ရွက်တဲ့သူတွေနဲ့ပိုတူနေသည်။

ဒီလိုအချက်တွေကြောင့်လဲ အဖွဲ့ဝင်‌ေတွရွေးချယ်သည့် လုပ်ငန်းစဉ်တွေက အလွန်တင်းကျပ်သည်။

တခြားကျောင်းသားတွေလိုမျိုး မှတ်ပုံတင်လို့ရသော်လည်း အရင်ကကျောင်းသားသမဂ္ဂသည် အထူး‌ေကျာင်းသား‌ေတွစာရင်းသွင်းခြင်းတွေကို ခွင့်မပြုကြောင်း ကျန်းယန်‌ပြောဖူးတာကို ကျန်ချီကြားမိသည်။ ကျောင်းသားသမဂ္ဂအတွင်းမှာ အဖွဲ့ဝင်တွေကြား ခွဲခြားဆက်ဆံတာကြောင့်မဟုတ်ဘဲ ကျောင်းရဲ့ အထက်အောက်လူထုအမြင်မှာ ချမှတ်ထားတဲ့ အထင်မြင်သေးမှုတွေကြောင့်ဖြစ်သည်။ အထူး‌ေကျာင်းသားစာရင်းသွင်းသူတွေရဲ့ဝင်ခွင့်သည် YCနဲ့။ RCတို့ကို အတိုင်းအတာတစ်ခုလောက်တော့ မကျေမနပ်ဖြစ်စေသည်။ မလိုလားအပ်တဲ့ ပြဿနာတချို့ကိုရှောင်ရှားနိုင်ဖို့အတွက် ကျောင်းသားသမဂ္ဂကနေ အထူးစာရင်းသွင်းကျောင်းသားများကို ဘယ်သောအခါမှ ခွင့်မပြုခဲ့ပေ။

"ငါ မရွေးချင်ဘူး" ကျန်ချီသည် မသိစိတ်အရ ပြန်လည်တုန့်ပြန်ခဲ့ပြီး သူ့စိတ်ထဲတွင် အနည်းငယ်ရယ်စရာကောင်းသလို ခံစားလိုက်ရပြီး ကျိဟွိုင်စစ်က ဘာကြောင့်ဒီလိုမေးမှန်း နားမလည်ခဲ့ပေ။

ကျိဟွိုင်စစ်က သူ့ရဲ့ငြင်းဆိုမှုကိုကြားတော့ အံ့ဩပုံမပေါ်လဲ "မင်း သေချာပေါက်ဝင်ရမယ်လို့ ကိုယ်မပြောပါဘူး... ဒါကို ဖြည်းဖြည်းချင်းစဉ်းစားလို့ရပါတယ်... စာရင်းသွင်းဖို့ တစ်ပတ်ကျန်ပါသေးတယ်... ဝင်ချင်တယ်ဆိုရင် ကိုယ့်ဆီ အချိန်မရွေး လာလို့ရတယ်"

ကျန်ချီကမေးလိုက်သည် "အထူးကျောင်းသားတွေကို အသင်းထဲဝင်ခွင့်မပေးထားဘူးမလား?"

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now