Chapter 5 ဘက်လိုက်ခြင်း/ ဘက်လိုက်ခြင်း

4.1K 714 10
                                    

Unicode

အိပ်ခန်းထဲပြန်ရောက်တော့ ဝေအန်းသည် သူ့စားပွဲရှေ့တွင် အာရုံစူးစိုက်နေပြီး  လေ့ကျင့်ခန်းအချို့ကို ကျက္မှတ်နေသည်။သူသည် လှုပ်ရှားမှုအသံအချို့ကို ကြားသောအခါ ကျန်ချီကို စိုက်ကြည့်လိုက်သည်။ သူ့အမူအရာက တစ်ခုခုပြောချင်သလိုလို အနည်းငယ်လှုပ်ခတ်သွားသော်လည်း အဆုံးတွင်တော့ ခေါင်းငုံ့ကာ သင်္ချာပုစ္ဆာကို ဆက်လက်လေ့လာ‌ေနခဲ့သည်။

ကျန်ချီသည် သူ့နှာခေါင်းပေါ်ရှိ ပုလင်းနှင့်တူသော မျက္မှန်သည် စာအုပ်ပေါ်သို့ ချော်ကျမည်ကို အနည်းငယ် စိုးရိမ်နေပြီး "ရေချိုးပြီးပြီလား" ဟု မေးလိုက်သည်။

"အတန်းပြီးလို့ ရေချိုးဖို့ပြန်လာတာ။" ဝေအန်းက ပြောသည်။ "မင်း အရမ်းနောက်ကျနေပြီ၊ အဲဒါ အဆင့်မြင့်သင်္ချာလား"

ကျန်ချီ သူ့လက်ထဲက အုတ်ခဲလို စာအုပ်နှစ်အုပ်ကို ယမ်းခါလိုက်ပြီး "ဒါက စီးပွားရေးပါ အပြန်လမ်းမှာ ရည်ညွှန်းစာအုပ်တချို့ ငှားဖို့ စာကြည့်တိုက်ကို သွားခဲ့လိုက်တာ"

သူ့သင်တန်းအားလုံးထဲမှာ စီးပွားရေးက အခက်ခဲဆုံးပဲ။ ကျန်ချီ သည် နယ်ပယ်စုံကို ဘယ်တုန်းကမှ မလေ့လာခဲ့ရသောကြောင့်လည်းဖြစ်မည်။ စိန့်စတွန်ရှိကျောင်းသားအားလုံး
သည် နဂိုဗီဇကိုက အခြေခံရှိကြပုံပေါ်သည်။ မစ်စတာ စမစ်သည် ဘောဂဗေဒ နိဒါန်းကို အတိုချုံးရှင်းပြရန် အတန်းချိန်နှစ်ခုသာ ကုန်စေခဲ့သည်။ တတိယတန်းတွင် သူသည် လုံးဝကွဲပြားသော ပြဿနာအဆင့်ကို ဖော်ထုတ်ခဲ့ပြီး အများစုမှာ အကြောင်းအရာအကြောင်း ပြောဆိုနိုင်ခဲ့သည်။ ယင်းကြောင့် ကျန်ချီအား အကျပ်အတည်းကို ခံစားရစေသည်။

နံပါတ်တစ်ကိုဖြစ်ဖို့ သေချာပေါက် မကြိုးစားပေမယ့်၊ အရာအားလုံးဟာ ထိန်းချုပ်မှုမရှိတော့တဲ့ ခံစားချက်ကို သူမကြိုက်ဘူး။

အိပ်ဆောင်တွင် ရေပူကို ၂၄ နာရီပတ်လုံး ရရှိနိုင်သည်။ ကျန်ချီသည် ရေချိုးပြီးနောက် တစ်နေ့တာအတွက်အိမ်စာများကို ပြီးမြောက်စေသည်။ Sendခလုတ်ကိုနှိပ်ပြီး‌ေနာက်‌ေတာ့ စခရင်၏ညာဘက်ထောင့်ရှိ အချိန်သည် ကိုးနာရီကျော်သွားခဲ့ပြီဖြစ်သည်။

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now