Chapter 24 နောက်ပြောင်ခြင်း / ‌နောက်ပြောင်ခြင်း

3.3K 643 40
                                    

Unicode

ကျန်ချီသည် သူအရင်ပြန်နှင့်မယ်လို့ ပြောချင်ပေမယ့် ကျိဟွိုင်စစ်က သူတွေးနေတာကို နားလည်သည့်အလား အရင်ပြောလာသည် “မင်း.. စာဖတ်ဖို့ ဒီမှာနေနေခဲ့လေ... ဘယ်သူမှ လာမနှောင့်ယှက်ပါဘူး... ကိုယ် လူရွေးပွဲပြီးသွားရင် မင်းဆီပြန်လာခဲ့မယ်”

“ကျွန်တော်.. အိပ်ဆောင်ကိုပဲ အရင်ပြန်နှင့်လိုက်မယ်” ဟု ကျန်ချီကပြောသည်။ “လူရွေးပွဲက နောက်ကျတဲ့အထိ အလုပ်ရှုပ်မယ့်ပုံပဲ... ကျွန်တော် အိမ်စာတွေလုပ်ဖို့ ကျန်နေသေးလို့ပါ”

ကျိဟွိုင်စစ်က ခဏတိတ်သွားပြီး သူ့လေသံက ထူးထူးခြားခြား ပြောင်းလဲမသွားခဲ့ဘူး “အဲ့တာဆိုလဲ... အရင်ပြန်နှင့်လိုက်တော့နော်”

အကြောင်းပြချက်တွေက မှန်တာရော မှားတာရော ပါတယ်။ ကျန်ချီသည် နားမလည်နိုင်လောက်အောင် အပြစ်ရှိသလိုခံစားနေရကာ သည်းမခံနိုင်‌ေတာ့ပေ။ သူ့လက်ထဲက စာအုပ်ကလေးနေတယ်။ သူ စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းနေပြီးနောက် “နောက်တခါ.. စာအုပ်တွေငှားချင်ရင်..  ဒီကို လာလို့ရသေးလား”

“ဒါပေါ့... မင်းလာလို့ရတယ်” ကျိဟွိုင်စစ်ရဲ့ အပြုံးတွေ နက်ရှိုင်းလာပြီး သူ့မျက်လုံးထဲက မှိုင်းအုံ့နေတဲ့ အကြည့်တွေကွယ်ပျောက်သွားကာ “မင်း ဒီနေရာကို အချိန်မရွေး လာလို့ရတယ်”

ကျန်ချီသည် ကျိဟွိုင်စစ်ကို မမေးခင်ကတည်းက ဒီစကားပဲ ကြားမယ်ဆိုတာ ခန့်မှန်းမိပြီးသားဖြစ်သည်။

တံခါးနားမှာရပ်နေတဲ့ ရှန်းရှုထင်းက အချိန်ကို အကြောင်းကြားသတိပေးပြီးနောက် စကားထပ်မပြောပေ။ ကျန်ချီ ထွက်သွားသောအခါ မလှုပ်မရှားရှိနေတဲ့ ရှန်းရှုထင်းသည် ရုတ်တရက် တဖက်သို့‌‌ေခြတစ်လှမ်း လှမ်းလိုက်ပြီး နှစ်ယောက်ကြားအကွာအဝေးကို အနည်းငယ်ပိုခြားလိုက်ပြီး သူ့မျက်လုံးများက ရှေ့တည့်တည့်ကိုသာကြည့်နေသည်။ သူက ကျန်ချီကို လေလိုပဲဆက်ဆံလိုက်တာ။

(Coe: အေးနော် ပြီးမှ အဟွန်းးးဟွန်းမလုပ်နဲ့🙄)

ကျန်ချီသည် ‌အတော်ဝေးဝေးလျှောက်သွားခဲ့ပြီး ကျောင်းသားကောင်စီကနေ ထွက်ကာနီးရောက်မှ ရှန်းရှုထင်းရဲ့လုပ်ရပ်များက သူ့စိတ်ထဲပြန်‌ေပါ်လာသည်။

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now