Chapter 19 ငြင်းပယ်ခြင်း/ ငြင်းပယ်ခြင်း

3.7K 671 25
                                    

Unicode

ကျောင်းကိုပြန်ရောက်တော့ လုံးဝကိုမှောင်နေပြီ။
(TN/မိုးချုပ်တာကိုပြောတာနော် အဟမ့်🌚)

ကျန်ချီရဲ့စိတ်ထဲမှာ ဒီနေ့ ကျိဟွိုင်စစ်နဲ့ခဏအချိန်ဖြုန်းလိုက်ရတဲ့အတွက် ပိုင်ရှီယုကို နည်းနည်းတော့ အားနာမိသွားတယ်။ ဇာတ်လမ်းက ဘယ်လိုလုပ် ထပ်ပြီးလမ်းကြောင်းပြောင်းသွားလဲဆိုတာ သူနားကိုမလည်နိုင်တော့ဘူး။ မူလအစီအစဉ်က သူ့ကို ပိုပြီးအန္တရာယ်များတဲ့လမ်းကိုတောင် တွန်းပို့လိုက်သေးတယ်။ သူ လုံးဝနားမလည်နိုင်တဲ့ ခံစားချက်ကိုလည်း ခံစားခဲ့ရသေးတယ်။

ကျိဟွိုင်စစ်က အုံ့မှိုင်းနေတဲ့လေထုကို ခံစားမိပုံရသည်။ သူသည် တစ်လမ်းလုံးတိတ်ဆိတ်‌ေနခဲ့ပြီး ကျန်ချီကို နှုတ်ခမ်းထောင့်ကခပ်ဖျော့ဖျော့အပြုံးဖြင့် အိပ်ဆောင်ကိုလိုက်ပို့ပေးသည်။
"ကောင်းကောင်းအနားယူနော် မနက်ဖြန်မှတွေ့မယ်"

"ဟုတ်ကဲ့ မနက်ဖြန်တွေ့ပါ့မယ်" ကျန်ချီစိတ်ထဲ အတော်လေးကိုရှုပ်ထွေးနေပြီး နှုတ်ဆက်စကားအမြန်ဆိုပြီး ချန်ထားခဲ့လိုက်တော့ကာ အဝေးရှိအမှောင်ရိပ်ထဲတွင် လမ်းလျှောက်နေသောအရိပ်တစ်ခုကို အမှတ်မထင်လှမ်းမြင်လိုက်သည့်အခါ သူ့မျက်လုံးတွေက ကျောင်းဝင်း၏ဘေးနှစ်ဖက်တွင်ရှိသော လမ်းမီးတိုင်အောက်တွင် ယိမ်းယိုင်နေခဲ့သည်*။ အကွာအဝေးတစ်ခုကနေတောင် လူတွေကိုငြင်းဆန်ချင်နေတဲ့ လေအေးပေးစက်ကြီးကို အာရုံခံစာစနေရသည်။
* မီးတိုင်အလင်းကြောင့် အရိပ်ကငြိမ်မနေတာကိုပြောတာနော်

ကျိဟွိုင်စစ်သည် ကျန်ချီ၏အကြည့်နောက် ကြည့်လိုက်ကာ "ဝမ်ချွမ်းက ဒီနေ့အစောကြီးပြန်ရောက်နေတာပဲ" ဟု အံ့ဩစွာပြောသည်။

"...အရမ်းစော‌ေနတယ်?"

"သူ့အခြေအနေက နည်းနည်းထူးခြားတယ်" ကျိဟွိုင်စစ်က ကျန်ချီရဲ့ တလက်လက်တောက်နေတဲ့မျက်လုံးများကိုကြည့်ကာ ခေါင်းညိတ်ပြပြီး "နောက်တစ်ကြိမ်တွေ့တဲ့အခါ အသေးစိတ်ပြောပြမယ်လေ"

(TN/အစစ်🙄 ရှင်နော်..ရှင်%&#)

တစ်စုံတစ်ခုကိုအာရုံခံစားလိုက်မိသလို ဝမ်ချွမ်းသည် သူတို့ဘက်သို့ တည့်တည့်ကြည့်လာသည်။ ကျန်ချီက သူ့မျက်လုံးတွေကိုအရင်ရွှေ့လိုက်မိသည့်အတွက် ထိုမျက်လုံးတွေနဲ့ တိုက်ရိုက်မဆုံမိလိုက်ဘူး။

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now