Chapter 14 ရှောင်ဖယ်ခြင်း/ ရှောင်ဖယ်ခြင်း

3.7K 718 24
                                    

Unicode

ကျန်ချီသည် သူ့ခေါင်းထက်ကမျက်နှာကျက်ကို ကြည့်လိုက်သည်။ သူ့အသိစိတ်ကခန္ဓာကိုယ်မှာပြန်ကပ်ပြီးနောက်မှာတော့ သူ အိပ်မက်ထဲမှာဖြတ်သန်းခဲ့ရတဲ့ဘဝက လှည်ပတ်နေတဲ့မီးပုံးတစ်ခုလိုမျိုး သူ့မျက်လုံးရှေ့မှာလင်းထိန်သွားသည်။

သူနိုးလာတော့ ချင်ကျောက်ကသူ့မျက်လုံးတွေကိုစူးစူးစိုက်စိုက်ကြည့်‌ေနသည်။ မျက်မှန်အောက်ကသူ့မျက်လုံးတွေက နားလည်ရခက်ပြီး ရွံရှာဖွယ်ပုံရိပ်တွေကိုတောက်ပစေသည်။

"ကျန်ချီ... မင်းဘာလို့ အိပ်ပျော်သွားတာလဲ" ပိုင်ရှီယုက နိုးနေပြီ။ သူ့မျက်နှာက ဖြူဖျော့ဖျော့ဖျော့လေး ဖြစ်နေပြီး ကုတင်ဘေးမှာ ထိုင်ရင်း စိုးရိမ်စွာ မေးလိုက်တယ်။

ကျန်ချီက ခေါင်းသာယမ်းပြလိုက်ပြီး ပြန်ရှင်းပြရန်ခွန်အားမရှိပေ။ သူ မထင်မှတ်ဘဲမျက်လုံးအေးသွားတယ်။ ချင်ကျောက်ရဲ့မှတ်ဉာဏ်တွေက နောက်ဆုံးတစ်ခါကလိုပဲဖျောက်ပစ်ခံလိုက်ရပြီထင်တယ်။ သူ သူ့လက်ကိုကိုင်ထားတဲ့အချိန်ဘဲအဲ့ဒီလူကရှိနေတာ။

နားလည်မှုလွဲတာဖြစ်နိုင်ပေမယ့် ကျန်ချီမရှင်းပြနိုင်ပေ။ တကယ်တော့ သူ အခု သူ့ကိုအာရုံစိုက်နေတဲ့ ပိုင်ရှီယုအပါအဝင် ဘယ်သူ့ကိုမှမျက်နှာမပြချင်သေးဘူး။

"ငါပြန်တော့မယ်"

ပိုင်ရှီယုက ရုတ်တရက် ဒီစကားကြောင့် အံ့အားသင့်သွားပြီး "ငါလည်း မင်းနဲ့လိုက်ခဲ့မယ်..."

ကျန်ချီကရပ်တန့်လိုက်ပြီး နောက်သို့လှည့်ကာ အိပ်ယာပေါ်ကထတော့မည့်ပိုင်ရှီယုအား ပြုံးပြလိုက်ပြီး "မင်း ထပ်ပြီးအနားယူလိုက်ပါဦး နောက်မှပြောကြတာပေါ့"

"ကျန််ချီ..."

အနည်းငယ်စိတ်မသက်မသာဖြစ်သွားပြီး စိတ်ထိခိုက်သလိုငိုတော့မယ့်သူကို ကျန်ချီလျစ်လျူရှုခဲ့ပြီး အရှိန်နဲ့ပြေးသွားလုနီးပါးထွက်လာခဲ့သည်။

ပိုင်ရှီယုရဲ့မျက်နှာကိုတိုက်ရိုက်မကြည့်ဝံ့တာဘာလို့လဲဆိုတာကိုနားမလည်ပေမယ့် ဖြစ်နိုင်တာကတော့ သူသာကြည့်လိုက်မိရင် စာအုပ်ထဲက ပိုင်ရှီယုဖြတ်သန်းခဲ့ရတဲ့ဆိုးဝါးတဲ့အတက်အကျတွေနဲ့ အဆုံးသတ်တွေကသူ့ရင်ထဲမှာပေါ်လာမာစိုးလို့ဖြစ်မယ်။

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now