Chapter 31 အရိပ်ထဲကသားကောင်/ အရိပ္ထဲကသားေကာင္

3.5K 593 58
                                    

Unicode

ပိုင်ရှီယုက ပိုင်ရှုယွင်ရဲ့ဘေးရှိ လွတ်နေသောထိုင်ခုံတွင် ဖြည်းညင်းစွာ ဝင်ထိုင်သည်။ အစက စိတ်အားထက်သန်မှု ပျက်ပြားသွားရခြင်းကို ခေါင်းကိုငုံ့လိုက်ပြီး ပြောင်းလဲပစ်လိုက်သည်။

မူရင်းစာအုပ်ကိုသိနေတဲ့ ကျန်ချီက ပိုင်ရှုယွင်ကိုမကြောက်သော်လည်း သူက ရန်လိုချင်တဲ့ရည်ရွယ်ချက်ကိုသိ‌ေနလို့ မခုခံချင်ပေ။ ပိုင်ရှုယွင်ရဲ့ ဦးနှောက်ဆေးမှာကြောင့် ရောက်ရှိလာသော ပိုင်ရှီယုသည် သူ့အစ်ကို၏ မျက်နှာသာရမှုကို သိမ်းပိုက်သွားတယ်လို့ ထင်စေသည်။ သူက အနိုင်ကျင့်ခံနေရသော်လည်း ပိုင်ရှီယုက ပိုင်ရှုယွင်ကို အစကနေအဆုံးထိ အပြစ်မတင်ခဲ့ဘဲ သူ့ကို သူ့ရဲ့ ဆွေမျိုး သူ့ရဲ့အစ်ကိုအဖြစ် နှလုံးသာစအောက်ခြေကနေ မှတ်ယူထားသည်။

ဒါပေမယ့်လည်း ပိုင်ရှီယုရဲ့ကြင်နာမှုက ပိုင်ရှုယွင်ကို မလွှမ်းမိုးနိုင်ပေ။ ထို့အစား အနိုင်ကျင့်မှုကို ပိုဆိုးလာစေခဲ့သည်။ ဇာတ်လမ်းတစ်လျှောက်မှာ ပိုင်ရှုယွင်လုပ်ခဲ့တဲ့အမှားတွေကို ပိုင်ရှီယုက ခွင့်လွှတ်ပေးခဲ့တာ ကျန်ချီမှတ်မိသည်။ ပိုင်ရှုယွင် ဘာပဲလုပ်ခဲ့ပါစေ ပိုင်ရှီယုရဲ့တုန့်ပြန်မှုက စစချင်း ဝမ်းနည်းပြီးအားကိုးရာမဲ့သလိုဖြစ်ခဲ့ပေမယ့် နောက်တော့လည်း သူက အမှားလုပ်မိသွား‌သည်ဖြစ်ရာ ‌အဆုံးမှာတော့ သူ့ရဲ့အထင်ကြီးလေးစားမှုက ခြွင်းချက်မရှိပေါ်ပေါက်ခဲ့သည်။

အထူးသဖြင့် ပိုင်ရှီယုရဲ့ ကိုယ်ကျိုးမကြည့်တဲ့သည်းခံမှုကို ရိုးရှင်းစွာပဲ နားမလည်နိုင်ပေ။ စာအုပ်ဖတ်လိုက်တဲ့အခါ ပိုင်ရှုယွင်ကသာ အရင်းအမြစ်စစချင်း ရပ်တန့်ခဲ့မယ်ဆိုရင် ပြန်ပေးဆွဲမှု၊ ဒဏ်ရာပေါင်းစုံနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်လုနီးနီး ‌ဆိုးဝါးလွန်းတဲ့ ဇာတ်ကွက်တွေ ဖြစ်လာမှာမဟုတ်ဘူး။

တဖက်ကကြည့်ရင်လည်ူ ပိုင်ရှုယွင်ရဲ့တည်ရှိမှုကြောင့် ရှောက်ဟန်အပါအဝင် အဓိကအရေးကြီးသူအားလုံးရဲ့ ပိုင်ရှီယုအပေါ် ချစ်မြတ်နိုးမှုတွေကို တိုးမြှင့်စေခဲ့သည်။ ဒါက ယုတ်မာတဲ့နည်းလမ်း‌လို့ထင်ရပေမယ့် စနစ်ကျတဲ့ချဉ်းကပ်မှုတော့ မဟုတ်ဘူး။

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now