Chapter 28 သံသယ / သံသယ

3.3K 627 60
                                    

Unicode

ရှောက်ဟန်သည် ကျိဟွိုင်စစ်၏စကားလုံးများထဲမှ အေးစက်မှုကို လုံးဝသတိမပြုမိပေ။ နှုတ်ခမ်းထောင့်က အဆက်မပြတ်ပြုံးနေလျှက် ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်းကာ ရှည်လျားသောမှတ်ချက်ကိုပေးသည်။ “ ဒုဥက္ကဋ္ဌက စီမံခန့်ခွဲတဲ့မြေဧရိယာ တကယ်ကိုကျယ်ပြန့်တာပဲ... ဒါကရော မင်းတို့ရဲ့ ကျောင်းသားသမဂ္ဂပိုင်မြေပဲလား? ”

“ အဖွဲ့ဝင်တချို့က မင်း ဒီနေရာကို‌ တစ်ယောက် ယောက်ခေါ်လာတာမြင်ပြီး တဖက်လူကတွန့်ဆုတ်နေပုံရတယ်ပြောတယ် အခု အဲ့တာကို အခြေအနေစစ်ဆေးဖို့လာခဲ့တာ ”

ကျိဟွိုင်စစ်က သူ့ကိုတည်ငြိမ်စွာကြည့်ပြီး “ ရှောက်ဟန်... ကျောင်းက မင်းအိမ်လိုမဟုတ်ဘူးလို့ မင်းကိုရိုင်းစိုင်းနေလို့မရဘူးလို့ ငါ အကြိမ်ကြိမ်သတိပေးခဲ့ပြီးသားနော် ”

“ တကယ်ကြီးလား? ငါတော့ မင်းကဒီနေရာကို မင်းအပိုင်နယ်မြေလိုမျိုး ဝင်ချင်တိုင်းဝင်နေတယ်လို့ထင်တယ် ” 

ရှောက်ဟန်၏လေသံက ရုတ်တရက် အေးစက်သွားသည်။ သူက တံခါးဘောင်ကိုကိုင်ထားပြီး ကျိဟိွုင်စစ်ကို ဖိအားပေးကာ “ ငါကလည်း မင်းကို အကြိမ်ပေါင်းများစွသတိပေးခဲ့ပြီးပြီနော် ငါ့ကိစ္စတွေကို ဝင်မပါနဲ့လို့ ”

အေးစက်နေသောအကြည့်များက လေထဲတွင်တိုက်စစ်ဆင်နေကြသည်။ ကျိဟွိုင်စစ်က ရှောက်ဟန်ထံမှထွက်ပေါ်နေသော အန္တရာယ်အငွေ့အသက်ကို လုံးဝလျစ်လျူရှုထားကာ အတွင်းဘက်တွင် မတ်တပ်ရပ်နေသောကျန်ချီကိုကြည့်လိုက်သည်။ သူ၏ စုကြုတ်ထားသောမျက်ခုံးများက ဖြည်းညှင်းစွာပျော့ပျောင်းလာပြီး “ ကျန်ချီ အဆင်ပြေရဲ့လား? ” 

ကျန်ချီရဲ့ခေါင်းက အရက်တစ်ခွက်တည်းကြောင့် မူးဝေနေဆဲဖြစ်ပြီး အဖြစ်အပျက်တွေကိုလိုက်မှီပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ ကျိဟွိုင်စစ်က ရှောက်ဟန်ကိုဖြတ်လာပြီး သူ့လက်ထဲက လက်ကိုင်ပုဝါကိုထုတ်ကာ ကျန်ချီ၏မျက်ခမ်းစပ်မှ မျက်ရည်များကို ညင်သာစွာသုတ်ပေးသည်။ ရှည်လျားသောမျက်တောင်များက တစ်ဝက်ကျိုးလာကာ ဖော်ပြရန်မတတ်နိုင်သော ခံစားချက်များကိုဖုံးကွယ်ထားပြီး ဒေါသထွက်နေတာလား‌ပြောလို့မရပေ။ 

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now