Chapter 33 အပြစ်ဒဏ်/ အျပစ္ဒဏ္

3K 539 32
                                    

Unicode

ကျောင်းသားသမဂ္ဂအဆောင်ကို ကျန်ချီလမ်းလျှောက်သွားရတိုင်း ခံစားနေရတဲ့ သူ့ရဲ့ ရှုပ်ထွေးတဲ့ခံစားချက်တွေကို စကားလုံးတွေနဲ့တောင် ဖော်ပြလို့မရဘူး။ သူက ရှန်းရှုထင်းရဲ့နောက်ကိုလိုက်လာရင်း သူ့ခေါင်းပေါ်ကျလာမယ့် ဓားချက်ကို စောင့်စားနေရသလိုပဲ။


ဆုံးမှာတော့ သူက အရှုံးပေးလိုက်ပြီး ရေချိုးခန်းတံခါးကို ဖွင့်ပေးခဲ့လိုက်ရတယ်။ ဝူရှန်းယွမ်ရဲ့ မပြောသင့်တဲ့စကားတွေထွက်နေတဲ့ ပါးစပ်က သူ့အရှေ့က ရှန်းရှုထင်းကိုမြင်တာနဲ့ အလိုလို နူးညံ့စွာဒူးထောက်ချင်နေပြန်သလိုပဲ။ ခဏအကြာတွင် ရှန်းရှုထင်းက သူပြောတာကိုနားထောင်မနေတော့ဘဲ ကျန်ချီကို နောက်ကျရင် ကျောင်းသားသမဂ္ဂဆီလာခဲ့ဖို့ပဲ အမိန့်ပေးသွားတယ်။ ဝူရှန်းယွမ်ရဲ့မျက်နှာက နီရဲနေပြီး သူရှက်နေတာလား ရှက်စရာဖြစ်နေတာလား မသိပေမယ့် သူနဲ့ အထူးကျောင်းသားနှစ်ယောက်ကတော့ ခေါင်းတွေကိုငုံ့ပြီး အမြန်ထွက်သွားကြတော့သည်။

အချိန်အတော်ကြာ ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီးနောက် 'စည်းကမ်းချိုးဖောက်ခြင်း'ဆိုတဲ့ တံဆိပ်ခတ်နှိပ်ခံလိုက်ရတဲ့ ကျန်ချီထွက်သွားတာကို ထိုသုံးယောက်က စောင့်ကြည့်နေခဲ့ကြသေးတယ်။ သူ့စိတ်ထဲကနေ သက်ပြင်းချလိုက်မိသည်။ ဒီလိုတွေဖြစ်လာမယ်ဆိုတာ သိခဲ့မယ်ဆိုရင် သူက ခုချက်ချင်း အမြန်ပြေးသွားပြီး ရှန်းရှုထင်းကို တိုက်ရိုက်ရှောင်ရှာူနိုင်ခဲ့မှာ။

ကျန်ချီက ထိုအကြောင်းကိုတွေးနေရင်း ရှေ့ကိုလျှောက်နေချိန် ရုတ်တရက် 'ရပ်လိုက်'ဟု တားမြစ်သံကြားလိုက်ရတယ်။ သူ့ခန္ဓာကိုယ်က သူ့ဦးနှောက်ထက် ခြေတစ်လှမ်းစောပြီး တုန့်ပြန်လိုက်နိုင်သည်။ ရှန်းရှုထင်းက စကားနှစ်လုံးသာပြောပြီး တစ်ချိန်မှ အလကားဖြစ်မခံဘဲ ကုတ်နံပါတ်တန်းကိုရိုက်ထည့်ကာ တံခါးဖွင့်သည့် အာရုံခံပြားပေါ် လက်မဖြင့်ဖိဖွင့်လိုက်သည်။ အခုက ကျောင်းမှာဆိုတာကိုသာ မသိခဲ့ရင် တံခါးရဲ့အနောက်မှာ ရှားပါးရတနာသိုက်ဝှက်ထားတယ်လို့တောင် ထင်မိမှာပဲ။

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now