Chapter 17 ထွက်လာခြင်း/ ထြက္လာျခင္း

3.5K 675 38
                                    

Unicode

"ခင်ဗျားက ကျန်ချီလား?"

ဖျော်ဖြေပွဲပြီးသွားတော့ အားလုံးက ခန်းမထဲကနေ ထွက်သွားကြပြီ။ ပိုင်ရှီယုသည် နောက်ဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲတွင် နစ်မျေားနေပြီး အခုထိမထရသေးပေ။

ကျန်ချီက သူ့နာမည်ကိုကြားလိုက်ပြီး ဝန်ထမ်းကို‌ေမာ့ကြည့်လိုက်‌ေတာ့ တစ်ဘက်လူကစကားဆက်ပြောတာကိုကြားလိုက်ရသည်- "Mr.ကျိက ခင်ဗျားနဲ့ ခင်ဗျားသူငယ်ချင်းကို စင်အနောက်ဘက်ကိုဖိတ်လိုက်တယ်"

"အဲ့တာ ဒုဥက္ကဌကိုပြောတာလား"

'Mr. ကျိ' ဆိုတဲ့စကားလုံးမှာ မှော်အစွမ်းတစ်မျိုးရှိပုံရတယ်။ ပိုင်ရှီယုက ပြင်းပြင်းထန်ထန်ကို ပါးပြင်များနီမြန်းလားပြီး အလျင်အမြန်ထရပ်တော့သည်။ "မြန်မြန်လုပ် ဒုဥက္ကဌကိုမစောင့်ခိုင်းသင့်ဘူး... စကားမစပ် ငါပန်းတွေမပြင်ဆင်လာခဲ့ရဘူး.. ကျန်ချီ.. အပြင်ထွက်ပြီး ပန်းစည်းသွားဝယ်ဖို့ အရမ်းနောက်ကျနေပြီလို့ ထင်လား"

ကျန်ချီသည် သူ့နားထဲဝင်လာတဲ့ ပိုင်ရှီယု၏ကြေကွဲနေသောအတွေးများကို နားထောင်ပေးပြီးနောက် "သူက အဲ့လိုအသေးအဖွဲတွေကို စိတ်မဝင်စားပါဘူး" လို့နှစ်သိမ့်ပေးလိုက်သည်။

"အဲ့တာတော့ သိပါတယ်... ဒါပေမယ့်.." း

စင်နောက်ကိုသွားတဲ့လမ်းက သိပ်မကြာပေမယ့် ပိုင်ရှီယုရဲ့ မျက်စိထဲမှာတော့ အရှိန်မြန်သွားသလို ထိတ်လန့်သွားသည်။ လမ်းကိုဦးဆောင်သွားနေတဲ့ဝန်ထမ်းက ကျိဟွိုင်စစ်နာမည်ဖြင့် နားနေခန်းရှေ့တွင် မရေတွက်နိုင်အောင် တံခါးခေါက်လိုက်ပြီးနောက် 'ကျေးဇူးပြုပြီး ဝင်လာပါ' ဟုအသံကြားပြီးနောက် သူ့ရှေ့ကတံခါးပွင့်သွားပြီး အဖြူရောင်ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။ ကျိဟွိုင်စစ်က ညစာစားပွဲအပြီးတွင် မြင့်မြတ်သောမင်းသားတစ်ပါးလိုမျိုး ထိုဝတ်စုံကိုဝတ်ထားဆဲဖြစ်သည်။ သူကမျက်လုံးများတောက်ပသွားပြီး ကျန်ချီကိုပြုံးပြသည်။

ကျန်ချီရဲ့အကြည့်တွေက တခဏလောက်တော့ မထိန်းလိုက်နိုင်ဘဲ အနီးကပ်မြင်နေရသည့် မျက်လုံးများကိုဘယ်နားသွားထားရမှန်းမသိဖြစ်နေသော ပိုင်ရှီယုကို ဘာမှပြောနေတော့ဘဲ ကြည့်နေလိုက်သည်။ သူက 'ဒုဥက္ကဌ'လို့သာ ထိတ်ထိတ်လန့်လန့်ပြောလိုက်သည်။

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now