Chapter 4 ပဋိပက္ခ /ပဋိပကၡ

4.2K 730 55
                                    

Unicode

"ငါ..ငါ...မရည်ရွယ်ပါဘူး"

ပိုင်ရှီယုဟာ အခုလက်ရှိသူလုပ်ခဲ့တာတွေကို မယုံနိုင်ဖြစ်နေပုံရပြီး ကြောက်လန့်တကြားနဲ့ သူ့လက်ကို ပြန်ရုတ်လိုက်တယ်။ သူ့မျက်လုံးထဲတွင် မျက်ရည်အိုင်ငယ်များဖြင့် မျက်လုံးတစ်မှိတ်အတွင်းမှာပင် သူ့ပုံစံကို အားနည်းသွားစေသည်။

ရှောင်ဟန်သည် သူ၏ ပါးစောင်ကိုလျှာဖြင့်ထိုး လှုပ်ယမ်းလိုက်ရာ သူ့မျက်လုံးများက ပိုမိုနက်ရှိုင်းသော အန္တရာယ်တစ်ခု ပုံစံပေါက်သွားကာ “ဒါက ဒုတိယအကြိမ်ပဲ ပိုင်ရှီယု မင်းကောင်းကောင်းနေနေရလို့လား"

နောက်ဆုံးစကားလုံးသုံးလုံးသည် ဖြည်းညှင်းစွာထွက်လာပြီး ခြိမ်းခြောက်မှုတစ်ခုပါရှိသည်။ ပိုင်ရှီယုက သူ၏အပြစ်ကင်းသောသမင်မျက်လုံးတစ်စုံကို ဖွင့်ကာ အသံတိုးတိုးဖြင့်မိမိကိုယ်ကိုခုခံပြောဆိုသည် "မင်းငါ့ကို ရိုက်တော့မယ်ထင်လို့ ငါက ကိုယ့်ကိုကိုယ်ကာကွယ်တာလေ အခုက...မင်းကရော ဘာလို့မရှောင်လဲ"

"မင်းကို ရိုက်မယ်လို့ ဘယ်မျက်လုံးနဲ့ မြင်လိုက်တာလဲ" ရှောင်ဟန် က "မင်းငါ့ကို ပါးရိုက်လိုက်တာ ငါ့အပြစ်ပဲလား"

ပိုင်ရှီယုကစကားမပြောဘဲ သူ၏အမူအရာကကြီးမာသော နစ်နာမှုများရှိနေသည်။ ယှဉ်ကြည့်မယ်ဆိုရင် ရှောင်ဟန်ကသူ့ကိုအနိုင်ကျင့်နေပုံရတယ်။ ကျန်ချီကဖြစ်စဉ်တစ်ခုလုံးမမြင်ခဲ့ရတော့ သူလဲအဲ့လိုပဲထင်လိုက်တယ်။

ကျန်းယန်က "သူတော့ လုံးဝသွားပြီ"
" ရှောင်ဟန်ကိုရန်စမိပြီးရင် ဘယ်သူမှပြေးမလွတ်ဘူး အဲ့လိုရန်စမိတဲ့နောက်ဆုံးလူဆို ICUပို့လိုက်ရတာ အခုထိမထွက်လာရသေးဘူးလို့ကြားတယ်”

ကျန်ချီသည်ဒီလိုဆိုးဝါးတာမျိုးမြင်ဖို့မသင့်ဘူးဟုထင်သည်။ သူ့ရှေ့ရှိ ဆံပင်နီနီကလေးသည် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်လို မျက်နှာထားရှိသော်လည်း၊ အန္တရာယ်ရှိသော လူဆိုးဂိုဏ်းများကို သတိရစေသည့် သူ့မျက်လုံးများတွင်တော့ ယုတ်မာမှုများကို ဖုံးကွယ်မထားနိုင်ပေ။

သူသည် အခြားသူများ၏မျက်လုံးကို လုံးဝဂရုမစိုက်ပုံရသည်။ သူက ရှေ့ကို တိုးလာပြီး ပိုင်ရှီယု ရဲ့ ကော်လာကို ဆွဲမလိုက်တယ်။ ပိုင်ရှီယုသည် အထိတ်တလန့်ဖြင့် ရှောင်တိမ်းလိုက်ပြီး ရန်ပွဲကြည့်နေသော လူများကို သူ့မျက်လုံးများက လှည့်ပတ်ကြည့်ကာ ကျန်ချီ၏ မျက်နှာပေါ်တွင် ရပ်တန့်သွားသည်။

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now