Chapter 13 အမှန်တရား/ အမွန္တရား

3.9K 680 40
                                    

TN/ အပေါ်ကပုံကကျောင်းဝတ်စုံကိုပြချင်တာ ကိုယ်လဲggကရှာလာတာဆိုတော့မသေချာဘူး ကောင်လေးတွေကိုမှောင်ပြီးမကြည့်နဲ့နော်

Unicode

"အရမ်းမိုက်တာပဲ၊ ရှောင်ဟန်က လူသစ်တစ်ယောက်ကို ပြိုင်ဆိုင်ဖို့ ဘာလို့လုပ်ရမလဲ။ အရမ်းကို... ကျန်ချီ!, ကျန်ချီ? မင်းဘယ်သွားမလို့လဲ?"

ကျန်ချီရှေ့ဆုံးတန်းမှာရောက်နေရတာကောင်းတဲ့အချက်ကတော့ ကျိဟွိုင်စစ်ထံအလျင်အမြန်သွားရောက်နိုင်တာပဲ သူ့မှာကျန်းယန်ကိုပြန်ပြီး‌ေဖြရှင်းချက်ထုတ်ဖို့တောင်ဂရုမစိုက်နိုင်တော့ဘူး။ သူက တခြားသူတွေနဲ့စကားပြောဆိုနေတာကိုစောင့်ဆိုင်းပြီးနောက် "ပိုင်ရှီယုတစ်ခုခုဖြစ်သွားသေးလား" ဟု မေးခဲ့သည်။

"ကျန်ချီ၊ မင်းဘာလို့ဆင်းလာတာလဲ" ကျိဟွိုင်စစ်ကလှည့်ကြည့်လာပြီး လေးနက်မှုနဲ့ တဖက်လူကိုအေးချမ်းစေနိုင်စွမ်းရှိနေပြီး "မကြာခင် တစ်ယောက်ယောက်ကိုသူကိုသွားကယ်လာဖို့ပြောပြီးပြီ သူမတော်တဆမဖြစ်နိုင်အောင်ကိုယ်အာမခံပါတယ်။"

'အာမခံသည်' ဟူသော စကားလုံးသည် ကျန်ချီ၏ နှလုံးသားအတွင်းက ဂနာမငြိမ်‌ေနမှုကို တစ်နည်းနည်းဖြင့် ငြိမ်သက်စေသည်။ သူ ပိုင်ရှီယုကို မကြည့်ဝံ့ဘဲ မလှုပ်မယှက်ဖြစ်နေသော ရှောင်ဟန်ကိုသာ လှည့်ကြည့်လိုက်သည်။

ရှောင်ဟန်သည် အခုသူ့ကိုယ်နေဟန်ထားပုံစံကို ထိန်းသိမ်းနေပြီး သူ့မျက်လုံးများက မီးရှူးမီးပန်းပစ်ဖောက်နေသလို ဖြစ်နေသည်။

ဘာလို့ သူ့ကိုကြည့်နေတာလဲ။ သူဘာလို့ ပိုင်ရှီယုကို မကယ်တင်ခဲ့တာလဲ။ သူအိပ်မက်ထဲကဇာတ်လမ်းလိုမျိုး ဘာလို့မလုပ်တာလဲ။ ကျန်ချီသည် သူ့စိတ်ထဲတွင် နစ်မြုပ်နေခဲ့သော မေးခွန်းများစွာရှိနေသည်။

ကယ်ဆယ်သူများ၏အကူအညီဖြင့် မြင်းသည် နောက်ဆုံးတွင် အရူးအမူးဖြစ်‌ေနရာမှရပ်တန့်သွားခဲ့သည်။

ပိုင်ရှီယုကို မြင်းပေါ်ကနေဆင်းဖို့ ကူညီပေးခဲ့ပြီး သူ့မျက်နှာက စာရွက်ထက် ပိုဖြူ‌ေနတယ်။ သူက တုန်လှုပ်ခြောက်ခြားစွာဖြင့် လှည့်ပတ်ကြည့်ရင်း ကျန်ချီကို မြင်လိုက်ရသောအခါ သူ့မျက်လုံးထဲတွင် မျက်ရည်များ စီးကျလာသည်။

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now