အပိုင်း (၁)

10.7K 246 7
                                    

"ဘယ်သွားမလို့လဲ အကွေး၊ ကျွန်တော်လိုက်ပို့ပေးရမလား...."

စာရင်းတွေ လုပ်နေရင်းမှ သူမဆီသို့ ထ,သွားပြီး မေးမိတော့ သူမက ကောင်းဘက်ကို တစ်ချက်သာ လှည့်ကြည့်ပြီး....
"ငါ resultသွားကြည့်မလို့" ဟု ပြောလာသည်။

"ဒီနေ့ထွက်တာလား၊ Sorry အကွေးရာ...ကျွန်တော် တကယ်ပဲ မေ့နေတာ။"

"အင်း"

တံတွေးမြိုချသည်လား၊ ကောင်းကို ပြန်ဖြေသည်လားတောင် မသဲကွဲသည်အထိ သူမ၏ "အင်း"ကတိုးလွန်းသည်။ အလောတကြီးနဲ့ ကားထဲဝင်သွားသည်ကြောင့် ကောင်းလည်း အမြန်ပင်ကားတံခါးဆွဲဖွင့်ပြီး အနောက်ခန်းက ထိုင်လိုက်ခဲ့ရသည်။

"အောင်မှာပါ အကွေးကလည်း...အဲ့လောက်ကြီး စိတ်မလှုပ်ရှားနဲ့နော်။"

"အမှတ်တွေကွာနေမှာ စိုးတာ...."

နှုတ်ခမ်းဖူးဖူးလေးကို ပုံသဏ္ဍာန်မျိုးစုံလုပ်ပြီး စိတ်ပူနေပါတဲ့ အကွေးရယ်ကြောင့် ကောင်းလည်း စကားဆက်မပြောတော့ပဲ ခဏလောက်ကြာရင်ဖြစ်ပေါ်လာတော့မည့် အကွေးရဲ့အမေးတွေကို ဘယ်လိုဖြေပေးရမလဲဆိုတာ ကြိုတင်ကာစဥ်းစားနေမိသည်။

"နေခြည်က ၆ဘာသာပဲထင်တယ်နော်..."

တိုးလျနေသော သူမလေး၏အသံကြောင့်...
"ရောင်ဝါလည်း ပါမှာပါ အကွေးရ။ ကိုယ်တို့သားပဲဟာ...."

"ဒီလိုနဲ့ ရောင်ဝါက ငါ့လိုမျိုး...."

ပုလဲဥတွေ ခတော့မည့် ချစ်ဇနီးရယ်ကြောင့် ကောင်းမှာ ရှေ့ခန်းသို့ အလျင်အမြန်ပဲ ကူးလာရတော့သည်။ သူမ နံဘေးမှာ ဝင်ထိုင်လိုက်ရင်း...
"ကားခဏရပ်လိုက်နော် အကွေး။ ဒီလိုဆို မဖြစ်သေးဘူးလေ...."

ပြောလိုက်တော့ ချက်ချင်းပဲ ကားကိုရပ်တန့်ပစ်လိုက်၏။ လမ်းကြောင်းများပြီး လူနေနည်းပါသည့် ဒေသရယ်မို့သာ တော်တော့၏။

"ကျွန်တော့်ဆီကို လာ..."

လက်ကမ်းပေးလိုက်တော့ ချက်ချင်းပဲ ကောင်းလက်တွေကို ကိုင်ပြီး ကောင်းပေါင်ပေါ်ကို ရောက်လာလေသည်။

"ဒါက ငိုစရာမဟုတ်ဘူးလေ အကွေးရဲ့....." မျက်ခမ်းအောက် ရောက်နေပြီဖြစ်တဲ့ မျက်ရည်တွေကိုအသာအယာ ဖယ်ရှားပေးပြီး သူမမျက်နှာလေးကို အမြတ်တနိုးနဲ့ကြည့်ကာ....
"နေခြည်က ကျွန်တော်တို့သမီးလေ၊ နေခြည် ၆ဘာသာ ဂုဏ်ထူးရတာကို အကွေးဂုဏ်ယူတယ်မဟုတ်လား။"

မေ့...နေရောင်ခြည်နွေးနွေးလေး (Completed)Where stories live. Discover now