အပိုင်း (၁၂)

1.6K 123 5
                                    

"မာမီ....."

"ဟင်.."

ခြံထဲတွင် ပန်းပင်ရေလောင်းနေသော မာမီက သူမအခေါ်ကိုချက်ချင်းတုန့်ပြန်ပေမယ့် သူမကိုယ်တိုင်ကတော့ ဆက်မေးဖို့ကိုတွေဝေနေသည်။ နှစ်ဦးသား နမ်းခြိုက်ပြီးသည်က တစ်လကြာသည်အထိ သူမတို့မှာဘာမှမတိုးတက်ပဲဖြစ်နေသည်။

သိပ်မကြာခင်မှာ First Semကလည်းပြီးတော့မည်။ Second Semရောက်မှ တစ်နှစ်လုံးစာအတွက် လေ့လာထားသမျှကို စုပေါင်း၍ လူတွေ့၊ စာတွေ စသည်ဖြင့် စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်သည်မို့ နောက်နှစ်ဝက်ဆို ကလေးမလေးလည်း ယခုကဲ့သို့အားမှာမဟုတ်ပေ။

သို့သော်လည်း ယခု အချိန်တွေအားနေသည့်တိုင် ကလေးမလေးက သူမဆီကိုရောက်မလာ။ သူမဘက်ကလည်း သွားတွေ့ဖို့ရန်အတွက် မာနလေးကခံနေသည်မို့ သူမတို့နှစ်ယောက်ရဲ့ဇာတ်လမ်းမှာ လမ်းမှာဆုံဖြစ်ကြရင် တစ်ဦးနှင့်တစ်ဦး လိုက်ငေးကြရုံမှတပါး အခြား ဘာမှမတိုးတက်ပဲဖြစ်နေသည်။

"ကျောင်းသင်္ကြန်ကို မာမီလာခဲ့မယ်နော် နေခြည်...နေခြည်၊ နေ...ခြည်....."

ကျယ်လောင်လွန်းသည် ထိုခေါ်သံဟာ အတွေးများနှင့်နေခြည့်ကို လန့်ဖျန့်သွားရုံမကပဲ အိမ်ထဲရှိကောင်းမြတ်သောအထိပါ ချက်ချင်းပြေးလာရပြီး....
"ဘာဖြစ်လို့လဲ ကျွန်တော့်အကွေး....."

"နေခြည့်ကို ခေါ်နေတာလေ။"

မာမီ့ရဲ့ထိုသို့အဖြေမှာ ဒယ်ဒီတစ်ယောက်ခေါင်းကိုသာ အသာယမ်းပြီး သူ့,မဟေသီဆီသို့ လျှောက်လာသည်။ ပြီးနောက်တွင် လုပ်နေကျအမူအရာအတိုင်းပဲ မာမီပခုံးပေါ်ကို လက်တင်ကာ မာမီ့မျက်နှာအားကြင်ကြင်နာနာလေးကြည့်နေသည်။

မိဘနှစ်ပါး၏ ဤသို့ချစ်ခင်နေပုံကိုကြည့်ပြီး သူမမှာပိုလို့ပင် ဝမ်းနည်းလာသည်။ သို့နှင့် သူမသည် အချစ်ငှက်နှစ်ကောင်ကို ထားရစ်ခဲ့ပြီး အိမ်ထဲသို့ဝင်ခဲ့လိုက်ပြီး တစ်ဆက်တည်းမှာပဲ အပေါ်ထပ်ရှိ ကာရာအိုကေအခန်းသို့ သွားလိုက်သည်။

ဒီအခန်းက အလင်းရောင်မှိန်ပြပြသာရှိသည်၊ ပြီးတော့ တိတ်ဆိတ်သည်။ သူမတစ်ယောက်တည်း အတွေးများနေချိန်မှာ ဒီအခန်းဟာ သူမအတွက် အကောင်းဆုံး အဖော်ပင်။

မေ့...နေရောင်ခြည်နွေးနွေးလေး (Completed)Where stories live. Discover now