အပိုင်း (၂၇)

1.5K 95 12
                                    

"ရောင်ဝါ...ငါ ခဏ ချီမယ်။"

ရင်ဖုံး အင်္ကျီကို စမတ်ကျနေအောင် အနည်းငယ်ဆွဲဆန့်လိုက်ပြီး ခါးကိုမတ်ကာ ချီပွေ့ဖို့အတွက် လက်ကမ်းလိုက်သည်။ ထိုအခါမှာ ရောင်ဝါ့လက်ထဲရှိ ကလေးသေးသေးလေးက သူမကိုကြည့်သည်။

"နင့်ဆီမလာချင်ဘူး ထင်တယ်။ အေးလေ နင်က သူ့ကိုနာမည်ဖျက်ကိုးး....ထည်ဝါကြီးလာရင် ပြောပြဦးမယ်။ သူငယ်ငယ်က ရွှေပင်လယ်ဆိုတဲ့နာမည်ကို မကြိုက်တဲ့အကြောင်းလေ..."

"နင် အရမ်းလေရှည်တာပဲ"

သူမသည် ခွင့်တောင်းမနေတော့ပဲ အတင်းပဲဆွဲယူပွေ့ချီိကာ နမ်းရှိုက်လိုက်သည်။

"Happy birthday ရွှေပင်လယ်မောင်..."

မျက်ခုံးလေးတွေပင့်ပြီး နှစ်နှစ်ခြိုက်ခြိုက်နဲ့ ပြုံးကာ ကလေးတစ်ယောက်ကို ချီပွေ့ ဝေ့ယမ်းနေသည့် နေ့,ကို မြင်လိုက်ရတာကြောင့် အသက်သည် နေရာမှာတင် ရပ်တန့်မိသွားသည်။

ဒီနေရာကို အသက်လာနေကြဖြစ်သော်လည်း ဒီနေရာမှာ နေ,နဲ့ဤသို့တွေ့ကြလိမ့်မည်ဟုမထင်ခဲ့ပါ။ ထိုနေ့က ဖြစ်သွားသော ကိစ္စတွေနောက်တွင် အသက်ဘက်က စပြီး နေ့,ထံဆက်သွယ်ဖို့ကို မဝံ့မရဲဖြစ်ခဲ့ရသည်။

နေ,နဲ့ပက်သတ်တဲ့ မှတ်ဉာဏ်တွေတစ်ခုမှသတိမရတဲ့ အသက်ကိုယ်အသက် စိတ်ပျက်နေရင်း နေ,မရှိတဲ့ကာလတွေမှာ အသက်သည် အတိတ်ကမှတ်ဉာဏ်မှန်သမျှကို တူးဖွဖို့ ကြိုးစားခဲ့သည်။

ထိုသို့ကြိုးစားရာမှာ အထိရောက်ဆုံးဖြစ်နိုင်သည်ဟု ယူဆရသည့် အဝန်းအနားကို အသက်အနေနဲ့အကြိမ်ပေါင်းများစွာ သွားတွေ့ပြီး စကားတွေပြောဖြစ်သည်။ ဒီလိုစကားတွေပြောရင်းဖြင့် တချို့နေ့ရက်တွေကို ပြန်ပြီးမှတ်မိလာသော်လည်း ထိုထဲတွင် နေ,ဆိုသည့် အသက်ရဲ့အနွေးဓာတ်လေးအကြောင်းကတော့ စိုးစဥ်းမျှမပါသေးပေ။

သို့သော်လည်း အသက်လက်မလျှော့ပါဘူး။ အတတ်နိုင်ဆုံး ကြိုးစားနေပြီး အခုနောက်ဆုံးဆို သက်လျာ၏ စကားများအရ သက်လျာရဲ့သူငယ်ချင်းတချို့နဲ့ပါ စကားတွေပြောဖြစ်နေသည်။

ဒီလူတွေနဲ့စကားပြောဖြစ်ကြရင်း အသက်ကိုယ်အသက် ပိုပိုပြီး သေချာလာခဲ့သည်။ ဟုတ်သည်..နေ,ပြောတာမှန်သည်။ အသက်တွင် ရောင်နီဝန်းနှင့်ပက်သတ်သော မှတ်ဉာဏ်များစွာရှိနေသည်။ သက်တန့်ကြည်သာဆိုသည့် အသက်,ဦးငယ်၏ ဓာတ်ပုံကိုကြည့်နေရင်း ထိုလူဟာ အသက်နဲ့တော်တော်လေးဆင်တူသည်ဟု ထင်မိသည်။

မေ့...နေရောင်ခြည်နွေးနွေးလေး (Completed)Where stories live. Discover now