ဇာတ်သိမ်းပိုင်း

6.5K 155 7
                                    

"နေခြည်...."

မဝံ့မရဲပုံစံနဲ့ တံခါးဆီကနေ လက်ပြသည့် မာမီ့အနားကို နေခြည်ထ,သွားလိုက်သည်က ခေါင်းညွှတ်လို့ ကိုယ်ဝပ်ထားလျက်ကပင် ဖြစ်သည်။ ကလေးငယ်ရဲ့ မိဘများဆိုသည့် အသိက သူမ၏မာနတို့ကို ဖယ်ပျောက်ကယ်သွားစေတာဖြစ်မည်။

"အဆင်ပြေပြီလား။"

သူမနားရွက်နားကို တိုးတိုးလေးကပ်ပြီးမေးသည့် မာမီ့ကိုသူမသည် အကြည့်စူးစူးလေးတစ်ချက်ဖြင့် ဆတ်ခနဲကြည့်လိုက်မိသည်။ ဒီတော့ မာမီ့နောက်မှာရပ်နေသည့် ဒယ်ဒီက မျက်နှောင်ကျုံ့၍ သူမဆီကို ပြန်ကြည့်လေသည်။

"အဲ့လိုမဟုတ်ဘူးလေ။ မာမီပဲ တင်တောင်းမယ့်ပစ္စည်းတွေ ယူလာခဲ့ပြီကိုတဲ့။ အဲ့ဒါကိုအဆင်ပြေလား မေးနေတော့..."
သူမဘက်က ထိုသို့ ခပ်တိုးတိုးနဲ့ ရှင်းပြသည့်တိုင် ဒယ်ဒီအကြည့်တို့က လျော့ကျမသွားသည်မို့ သူမ ထပ်ပြီး ရှင်းပြဖို့ ကြိုးစားသော်လည်း....

"ကဲ တော်ကြပါ။ နောက်ကျမှပဲ အချင်းချင်းစောင်ကြည့်ကြ ဟုတ်ပြီလား။ ဘယ်မှန်းကိုမသိတော့ဘူး။"

နေခြည်နှင့် ဒယ်ဒီ့ကို တစ်လှည့်စီကြည့်ရင်း မာမီက စိတ်ရှုပ်သလိုပြောတော့သည်။ ထိုအခါမှပဲ ဒယ်ဒီ့မျက်နှာက ပြေလျော့သွားပြီး...
"ကျွန်တော် ထပ်မလုပ်တော့ဘူး။ သွားလေ..အကွေးပဲ ရှေ့ကသွားမယ်ဆို"

"ဖြစ်..ဖြစ်ပါ့မလား။ ရေခွက်နဲ့ကောက်ပေါက်ကြရင်...."
သူတို့သမီးကို လာတောင်းရသလားဆိုပြီး ဇာတ်ကားတွေထဲကလို မျက်နှာကို ရေနဲ့ပက်ရုံမျှနဲ့တင် အားမရလို့ ခွက်နဲ့ပါကောက်ပေါက်လိုက်ရင် ဆိုသည့်အတွေးက ရှေ့ကနေဦးဆောင်ဖို့ အတွေးတို့ကို ဖျောက်ဖျက်ချင်လာတော့သည်။

ဒါကြောင့် ဒီလိုကိစ္စတွေကို ကောင်းကိုပဲ ဆုံးဖြတ်ခိုင်းလိုက်တာပိုသင့်တော်မည်ဟုလည်း တွေးမိသည်။ သို့သော်....
"ကျွန်တော်ရှိတာပဲ.." ဆိုသော စကားတစ်ခွန်းက အကွေးအတွက်တော့ နာမည်ကြီးအားဆေးတွေထက် ပိုလို့ကောင်းမွန်သည်။

ထိုကြောင့် ချက်ချင်းပဲ....
"အေးနော်။ ကောင်းရှိနေတာပဲ..." လို့ပြောလိုက်ပြီး ခပ်စိပ်စိပ်ခြေလှမ်းများဖြင့် ဆက်လျှောက်သွားမိသည်။

You've reached the end of published parts.

⏰ Last updated: May 30, 2022 ⏰

Add this story to your Library to get notified about new parts!

မေ့...နေရောင်ခြည်နွေးနွေးလေး (Completed)Where stories live. Discover now