အပိုင်း (၁၇)

1.4K 97 11
                                    

"အသက်တွဲပေးမယ်နော်..."

တွဲထူပေးသော ကလေးငယ်ဘက်သို့ အပြည့်အဝပဲမှီနွဲ့ထားလိုက်သည်။ ခြေခေါက်လဲ၍ ခြေထောက်ကတော်တော်လေးနာနေတာဖြစ်သည်။

"ကားပါတယ်လား နေ၊ ကားနားထိ အသက်လိုက်ပို့ပေးမယ်..."

"ပါမလာဘူး...."

ခြေထောက်နာကျင်၍ ထူပူနေသည်ဆိုသော်လည်း ဌာနဘေးတွင် ရပ်ထားခဲ့သော ကားကိုမေ့သွားရလောက်အောင်ထိတော့မဟုတ်ပါ။ မရည်ရွယ်ပဲ တမင်ပြောလိုက်ခြင်းကြောင့် ကလေးငယ်ဟာ...
"ဒါဆိုလည်း အသက်ဆိုင်ကယ်နဲ့ပဲ လိုက်ပို့ပေးမယ်လေ။ နေ ဘယ်သွားချင်လဲ..."

ကလေးငယ်ဟာ ချော့ချော့မော့မော့နဲ့ပြောနေသည်။ သို့သော်လည်း သူမကိုငြင်းဖို့ကြိုးစားခဲ့တာကို မှတ်မိပါသေးသည်။ ထို့ကြောင့် ပုံမှန်အတိုင်းပဲ နေလိုက်သည်။

သူမဘက်က ချစ်တယ်လို့ပြောခဲ့တဲ့ ဒီကလေးငယ်ဟာ သူမဆီကနေရုန်းထွက်လို့မရတော့အောင်အထိ ဖြစ်သွားစေချင်ပြီ။ အချိန်တွေက တဖြည်းဖြည်းနဲ့အကုန်မြန်လာသည်ဟုတွေးနေစဥ်မှာပဲ...
"ဒီကိုလာလိုက်နော် နေ..." ဆိုကာ ဆိုင်ကယ်နောက်မှာထိုင်စေသည်။

"ဘယ်ကိုပို့ပေးရမလဲဟင်...."

ချစ်ရသူနဲ့အတူ ပထမဆုံးအကြိမ် ဆိုင်ကယ်စီးရတဲ့ Feelingကို မျက်လုံးမှိတ်ပြီးခံစားနေသည်က စကားသံကြားမှ မျက်လုံးဖွင့်ကြည့်မိလိုက်တော့ သူမတို့ဌာနကိုကျော်သွားပြီဖြစ်၏။ ဒီအချိန်က second year physicsကို သွားရမှာဖြစ်သော်လည်း စန္ဒကူးဆီကို Messageပို့ကာ အကူအညီတောင်းလိုက်သည်။

"နေ...."

နောက်ထပ်အသံပြု အခေါ်အဝေါ်လေးကြောင့်...
"တို့အိမ်ကိုပဲ ပို့ပေးပါ" လို့ အေးသက်စွာနဲ့ပဲ ပြောလိုက်သည်။

"ဆေးခန်းအရင်သွားရအောင်လေ။ သွေးတော့မထွက်ပေမယ့်လည်း နေ,နာနေတယ်မလား..."

ဒီလောက်ထိတောင် စိုးရိမ်နေပြီး ဘာလို့အခုထိ အချစ်က ရောက်မလာသေးတာလဲလို့ တွေးမိသည်။ လူတစ်ယောက်က ကိုယ်နဲ့ဘာမှ မတော်စပ်တဲ့လူတစ်ယောက်ကို အခုလိုစိုးရိမ်တာမျိုးက တစ်ခုခုတော့ ရှိလို့မလားဟင်။

မေ့...နေရောင်ခြည်နွေးနွေးလေး (Completed)Where stories live. Discover now