အပိုင်း (၃၁)

2.1K 107 16
                                    

"ဒီလိုဆိုရင် သူ့ဘက်က ချက်ချင်းပဲလက်ခံခဲ့တယ်ပေါ့။ ဒီလောက်ထိ နှစ်တွေကြာပြီး၊ ဒီလိုတွေဖြစ်နေတာတောင်လေ...."

ကားမောင်းနေရင်းကနေ ဘွဲ့နှင်းသဘင်ခန်းမမှာတုန်းက ကျူလစ်ခရမ်းရောင်တွေ အကြောင်းကို အံ့သြစွာနဲ့ပဲ နောက်ထပ်တစ်ကြိမ်ထပ် မေးတာဖြစ်သည်။

ကိုကိုရှိစဥ်က မှာခဲ့သော ပန်းများဟာ ကလေးငယ်အဖြစ်ရောက်မှပဲ သူမထံကိုပေးခွင့်ရသည်တဲ့။ ဒီလောက်အချိန်တွေအကြာကြီးမှာ ဖြစ်ပျက်ခဲ့တာတွေကအများကြီးဖြစ်ပျက်သွားခဲ့သည်။ ပထမဆုံး ကိုကိုနဲ့ ပန်းဆိုင်ပိုင်ရှင်သိကျွမ်းခဲ့သည်က ပင်လယ်ရေမျက်နှာပြင်အထက် ပေထောင်ပေါင်များစွာမြင့်မားသည့် ချင်းတောင်မှာဖြစ်သည်။

ပန်းဆိုင်လေးဖွင့်ဖို့ရန်အတွက် အခက်အခဲဖြစ်နေသော ထိုအမျိုးသမီးသည် သတို့သမီးကိုင် ကျူလစ်ပန်းစည်းလေးအတွက် အဲ့ဒီအချိန်က ရွှေတန်ဖိုးအားဖြင့် ငါးမူးသားအဖိုးကို ကြိုတင်ငွေအဖြစ်လက်ခံခဲ့သည်။

ထိုဖြစ်အပျက်ပြီးနောက် ဆယ်နှစ်အတွင်းမှာပဲ ပန်းဆိုင်ပိုင်ရှင်ဖြစ်ချင်ခဲ့သော ထိုအမျိုးသမီးက တစ်စတစ်စနှင့်အောင်မြင်လာခဲ့သည်။ ထိုသို့အောင်မြင်မှုအတွက် ကျေးဇူးတင်စကားပြောဖို့ စောင့်နေခဲ့သော်လည်း ၁၀နှစ်ကျော်ကြာသွားသည်အထိ ပန်းယူမယ့်သူဆီကနေ အဆက်အသွယ်မလာခဲ့ပေ။

"ကိုယ်ချစ်တဲ့ မိန်းကလေးအတွက် ကျုလစ်တွေစည်းပေးဖို့ အဆင်သင့်ဖြစ်ပြီလားလို့ပဲ အသက်မေးခဲ့တာပါ။ ဒါကလည်း သူရဲ့Insta request messageကနေလေ။ အဲ့ဒီမှာ သူ့ဘက်ကစာပြန်လာတယ်။ ဘာအရောင်လဲလို့မေးတယ်။"

"အင်း..ဘယ်လိုပြောလိုက်လဲ။"

"ခရမ်းရောင် လို့ ပြန်ပို့လိုက်ပြီး....ကိုယ်တို့မတွေ့တာကြာပြီနော် လို့ပြောတာပေါ့။ တကယ်တော့ အသက်နဲ့သူက ရင်းနှီးတယ်လေ။ အဲ့ဒီအချိန်လောက်တုန်းက သူကတောင်ပေါ်က ဂမုန်းပန်းတွေကို စာရင်းပြုစုနေတဲ့အချိန်ဖြစ်မယ်။"

သူမမေးသမျှကို ဖြေပေးနေသည်က တစ်ချက်တစ်ချက်မှာ မျက်လုံးလေးတွေလင်းသွားပြီး ကျေနပ်အားရနေဟန်တို့ ပါဝင်နေသည်မို့...
"ဆိုတော့ အားလုံးကို ပြန်မှတ်မိသွားပြီးပေါ့။"
ရင်ထဲမှာပျော်ရွှင်မှုတွေအပြည့်နဲ့ပဲ ထုတ်မေးလိုက်တော့သည်။

မေ့...နေရောင်ခြည်နွေးနွေးလေး (Completed)Where stories live. Discover now