အပိုင်း (၂၃)

1.4K 82 13
                                    

"ကလေး...."

ခေါ်သံနှင့်အတူ အသက်,နောက်ကျောဘက်ဆီမှာ လွှမ်းခြုံလာသည့် ခြုံထည်လေးကြောင့် အသက်ခန္ဓာကိုယ်က နွေးထွေးသွားသလိုပင်။ အဲ့လိုမဟုတ်ရင်လည်း အနားကိုရောက်လာသည့် အနွေးဓာတ်လေးကြောင့်ဖြစ်မည်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ အသက်နွေးထွေးလို့ သွားတာတော့ အမှန်ဖြစ်သည်။

"နေ့,ကို မေးစရာရှိတယ်..."

ဒူးတုပ်လို့ ထိုင်နေရင်းကနေပဲ နေ့,ဆီကိုမျှော်ကာ ငေးကြည့်ရင်း ပြောလိုက်တော့ သူမက အသက်ကို လက်တစ်ဖက်ကမ်းပေးသည်။ ထိုအပြုအမူကို အသက်ဘက်က နားမလည်တာကြောင့် ဒီတိုင်းပဲ ဆက်လို့ကြည့်နေစဥ်...
"လမ်းလျှောက်ရင်း ပြောမယ်..."

အမိန့်လှလှလေး ပေးတတ်သူထံ အသက်ဘက်ကလည်းနာခံစွာနှင့်ပင် ပြန်လည်ကမ်းလင့်လို့ သူမနံဘေးမှာ ယှဥ်ကာရပ်မိသည်။

"ဒီတောင်တွေမှာ ဥပဒေမရှိဘူး၊ ဒီတောင်တွေက အဖိုးထိုက်တယ်လို့ လူတွေကထင်ကြတယ်။ ဒါပေမယ့်လည်း အဲ့ဒါကမဟုတ်ဘူး ကလေး...."

အသက်လက်ဖဝါးတစ်ဖက်ကို သူမလက်နှစ်ဖက်လုံးနှင့် ဖုံးအုပ်လို့ ထားကာ လမ်းလျှောက်နေရင်း အသက်ဘက်က ဘာမှမေးရသေးခင်မှာတင် နေ,ဟာ ပြောလာခြင်းဖြစ်သည်။

"ရွှေက တန်ဖိုးမကြီးပါဘူးလေ၊ ရွှေဆိုတာ တန်ဆာတစ်ခုပါ။ တကယ်တမ်း လူတွေမသိလိုက်တာက သူတို့တတွေ လောဘနောက်ကိုလိုက်နေရင်းနဲ့ သူတို့ရဲ့ တန်ဖိုးကြီးတဲ့အချိန်တွေ ကုန်ဆုံးနေတာကို။ ဒီအချိန်တွေက ဘယ်လောက်ထိအဖိုးတန်ကြောင်းကို အခုချိန်မှာ သိကြမှာမဟုတ်သေးဘူး။

တစ်ချိန်ချိန်မှာ ဖြတ်သန်းခဲ့တဲ့ အချိန်တွေအကြောင်းကို ပြန်တွေးကြည့်မိမယ်ဆိုရင် 'ငါအဲ့ဒီအရွယ်မှာ အဲ့လိုလုပ်မယ့်အစား ' ဆိုတဲ့ အသိဉာဏ်တွေ ဝင်လာလိမ့်မယ်။ ဒါပေမယ့် အဲ့တာက အရမ်းနောက်ကျသွားပြီလေ"

အသက်ရဲ့ အနွေးဓာတ်လေးက လမ်းလျှောက်နေရင်းကပဲ စကားတွေကို တစ်လုံးချင်း၊ စိန်စီထားသလို နှုန်းထားနဲ့ ပြောနေသည်။  ဤသို့ အလေးအနက်နဲ့ ပြောနေပုံအရတော့ နေ့,မှာ အချိန်နဲ့ပက်သတ်ပြီး တစ်ခုခုရှိခဲ့လို့ဖြစ်မည်ဟု တွေးလိုက်ပြီး.....
"နေ့,ဘဝမှာရော အချိန်တွေကုန်ခဲ့တာနဲ့ ပက်သတ်ပြီး အားမရခဲ့တာမျိုး ရှိခဲ့လို့လား..."

မေ့...နေရောင်ခြည်နွေးနွေးလေး (Completed)Where stories live. Discover now