အပိုင်း (၂၈)

1.5K 82 2
                                    

🎶အတောင်ပံမရှိဘူး ငှက်ကလေးများအတိုင်း
အရောက်သွားဖို့အချစ်ထံ မိုးမြင့်မှမပျံနိုင်ဘူး

ပင်လယ်ကိုကူး ရွှေငါးလေးအတိုင်း
ဖန်ဆင်းလို့မရပါ လိုက်ခဲ့ဖို့မလွယ်ပါဘူး
တော်ရာမှာနေ နွေမိုးဆောင်းတို့
ကုန်ဆုံးကူးပြောင်းချိန် မလွမ်းပဲမနေနိုင်ဘူး...

စံပယ်တွေ၊သဇင်တွေ ပိတောက်ပန်းများခူး..
ပန်ပေးဖူးခဲ့တာ တစ်နေ့မှ မေ့မရပါဘူး....

ရွှေပင်လယ်ကြီး ကာဆီးထားလို့
ဆုံးစည်းရဖို့ ဘယ်လောက်ထိစောင့်ရမယ်မသိဘူး..
တော်ရာမှာနေ မပျော်ဘူး အချစ်ရေ့..
မျှော်ရတဲ့ နေ့တွေ မကုန်နိုင်ဘူး၊မဆုံးနိုင်ဘူး...

ရွှေပင်လယ်ကြီး ကာဆီးထားလို့
ဆုံးစည်းရဖို့ ဘယ်လောက်ထိစောင့်ရမယ်မသိဘူး..
တော်ရာမှာနေ မပျော်ဘူး အချစ်ရေ့..
မျှော်ရတဲ့ နေ့တွေ မကုန်ဆုံးနိုင်တော့ဘူး......🎶

ဧည့်ခန်းတွင် feelအပြည့်နှင့် သီဆိုနေရင်းမှ တစ်ယောက်ယောက်က ကြည့်သလိုခံစားရတာကြောင့် ဝေ့ကြည့်လိုက်သည်။ သူမထင်သည့်အတိုင်းပါပင် နံရံကိုမှီပြီး လက်ပိုက်ကာ သူမထံကိုကြည့်နေသည်။

သူမက ပြန်ကြည့်သည်ကိုမြင်တော့ ချက်ချင်းပဲမျက်ခုံးတစ်ချက်ပင့်ပြသည်ကြောင့် အနီးအနားရှိ ရီမုဖြင့်လှမ်းပစ်လိုက်တော့သည်။

"ဟေး...What wrong?"

"လာမကြည့်နဲ့....."

"ဒါဆိုဘာလဲ ငါပါဝင်ဆိုပေးရမှာလား။
ရွှေပင််လယ်ကြီး ဆိုပြီးလေ...."

ရွဲ့ပြောနေရင်းနှင့် သူမထံကို လျှောက်လာသည်က တော်တော်လေးကို မုန်းချင်စရာကောင်းလှသော်လည်း သူမနံဘေးဝင်ထိုင်ချိန်မှာတော့ သူမသည် ရောင်ဝါ့ရင်ဘက်အကျယ်ကြီးဆီမှာ ခေါင်းမှီတင်ထားမိသည်။

"ရွှေပင်လယ်ကြီးလည်း မရှိတော့ပါဘူးဟာ။ ပြောပါဦး...ဘာဖြစ်လို့ နေခြည်ပီပီသသ ပြတ်ပြတ်သားသား မလုပ်တာလဲ။"

သူမနဖူးထိပ်မှာ ထိခတ်နေသည့် လေနွေးနွေးက သူမတစ်ကိုယ်လုံးကို လုံခြုံမှုတွေပေးစွမ်းထားသလိုပင်။ ဒီရင်ခွင်ဟာ သူမရဲ့အရင်းနှီးဆုံးရင်ခွင်ဖြစ်ပြီး သူမမျက်ရည်တွေ သိမ်းဆည်းလို့ရသည့် နေရာတစ်ခု။

မေ့...နေရောင်ခြည်နွေးနွေးလေး (Completed)Where stories live. Discover now