အပိုင်း (၃)

3K 168 12
                                    

နေခြည်နဲ့ပတ်သက်ပြီး နားလည်ရခက်သည့်ကိစ္စများတွင် အဆောင်နေခြင်းကိစ္စလည်း အပါအဝင်ဖြစ်၏။

"နေခြည်က မာမီနေခဲ့တဲ့အဆောင်မှာပဲ နေမှာ..."

"ဒါဆို ရောင်ဝါ့ကိုရော ဘယ်မှာထားကြမလဲ...။ မိတ္ထီလာမှာရှိနေတဲ့အိမ်ကလည်း ကျောင်းနဲ့နီးတာပဲကို သမီးရာ။"

ခေါင်းမာ လွန်းတဲ့သမီး၊ ဖြစ်ချင်ရာကို ရအောင်လုပ်တတ်လွန်းတဲ့ ဒီသမီးကြောင့် ကောင်းမှာ တော်တော်လေးကို ဦးနှောက်ခြောက်ရလေသည်။ ကိုယ့်အိမ်ကြီးရှိနေလျက်နဲ့ အဆောင်နေမယ်ဆိုပြီး ဇွတ်ပြောနေသည်က တကယ်ကို စိတ်တိုချင်စရာကောင်းသည်။

ငယ်ငယ်လေးထဲက သူမတို့ဖြစ်ချင်ရာကို လမ်းကြောင်းမှန်အောင် တည့်မတ်ပေးရုံက လွဲပြီး ဘာတစ်ခုမှ ဝင်ရောက်စွက်ဖက်ခြင်းမရှိခဲ့သည်မို့ နေခြည်ဟာ မှန်တယ်ထင်တယ် ဘာကိုမှမမှုမထားတတ်တော့တာဖြစ်မည်။

သူမကိုယ်သူမ ယုံကြည်မှုတွေသိပ်ရှိလွန်းသည်က အလင်းကိုတူတာလို့ပြောလို့ရပေမယ့် မိသားစုအပေါ်ကို ချစ်မြတ်နိုးလွန်းအားကြီး တာကတော့ အကြီးဆိုသည်ကြောင့်လား၊ ဒါမှမဟုတ် တစ်ယောက်သောသူကို သွားလို့တူသည်ကြောင့်လား ကောင်းကိုယ်တိုင်လည်း မခန့်မှန်းတတ်တော့ပေ။

"နေခြည် ပြောတာလည်း ဟုတ်တာပဲ ကောင်းရယ်။ တက္ကသိုလ်တတ်တဲ့အချိန်မှာ သူတို့မောင်နှမနှစ်ယောက် အရင်လို တတွဲတွဲလုပ်မနေသင့်တော့ဘူးလို့ ငါလည်းထင်တယ်။"

"အကွေးကပါ..."

"သားလည်း အဲ့လိုပဲလုပ်ချင်တယ် ဒယ်ဒီ။ ဖြိုးဝေလည်း မိတ္ထီလာမှာပဲတတ်မှာ။ သား သူနဲ့အဆောင်အတူတူနေလိုက်မယ်....."

ဇနီးဖြစ်သူနဲ့ သားဖြစ်သူကပါ ထောက်ခံနေပြီမို့ ကောင်းဘက်က အလျော့ပေးလိုက်ရသည်။ သို့သော်လည်း အဆောင်ချင်းမနီးမဝေးဆိုပြီး ရှာလိုက်သည်ကနေ ရောင်ဝါ့ကို Ever Greenမှာပဲ ထားလိုက်သည်။

အဆောင်ချင်းက ခြံစည်းရိုမျှသာ ကာခြားထားသည်မို့ အရေးရယ်၊အကြောင်းရယ်ဆို မောင်နှမနှစ်ယောက်အတူရှိလို့ရသည်။

မေ့...နေရောင်ခြည်နွေးနွေးလေး (Completed)Where stories live. Discover now