အပိုင်း (၂၉)

1.6K 92 9
                                    

ကန်၏ဘောင်အထက်သို့ သူမ၏ခန္ဓာကိုယ်တစ်ဝက်က ရောက်သွားသည့်အချိန်မှာ သူမ၏ပေါင်အရင်းနှစ်ဖက်က ရေထဲမှာနစ်မြှုပ်နေပြီဖြစ်လို့ သူမရဲ့အသားအရည်တွေက ယားယံလာသလိုခံစားရသော်လည်း ချက်ချင်းမှာပဲ သူမ၏ခန္ဓာကိုယ် အပေါ်ကို ရောက်လာသည့် ခန္ဓာကိုယ်က မလေးလွန်း၊မပေါ့လွန်းအနေအထားကနေပဲ သူမ၏နှုတ်ခမ်းတွေကို သိမ်းပိုက်လာလေသည်။။

ရေကူးကန်မှာ လူတွေအများအပြားရှိသည်။ လူအများရဲ့အလည်မှာ လှဲသိပ်ပြီးမှ နမ်းရှိုက်နေတာ တော်ရုံသတ္တိနဲ့တော့ မရပေ။ အနေအေးလွန်းသူက ဒီလိုတွေအထိဖြစ်လာသည်ကို သူမစိတ်ထဲကျေနပ်မိသည်။

နှုတ်ခမ်းတွေကို စုပ်ယူနေရင်းကပဲ ကလေးငယ်ရဲ့လက်တွေက သူမ၏ နားသယ်စပ်များနှင့် လည်ပင်းကြားမှာ တမ်းကြမ်းစွာရွေ့လျားနေလေသည်။

"Ob my god !!!!"

"ဝိုးး ဟိုး ဟိုးးးးး....ဒါက ရူးလောက်ပြီ။"

Bikiniအပြာရောင်နဲ့မိန်းမလှလေးပေါ်မှာ အဖြူရောင်Teeလက်ရှည်နှင့် ဂျင်းဘောင်းဘီဒူးကျကို ဝတ်ဆင်ထားသော ဆံပင်အရှည်တွေနဲ့မိန်းကလေးက ထပ်လျက်အနေအထားကနေ နမ်းရှိုက်နေသည့်မြင်ကွင်းကတကယ်ကို အရိုင်းဆန်နေသည်။

"တော်လောက်ပြီ ထင်တယ်..."

အပေါ်ကနေ အမဲဖြတ်သလို နမ်းရှိုက်နေသည့် အသက်၏ ကျောပြင်ကိုလက်ဖြင့်ရိုက်လိုက်ပြီးနောက်တွင် ရောင်ဝါက အသက်ကျောပေါ်ကို တပက်တစ်ခု ပစ်ချပေးသည်။

အသက်သည် ရောင်ဝါစကားကြောင့် နမ်းနေသည်များကို ရပ်တန့်လိုက်သည့်အချိန်တွင် နီးကပ်လွန်းသည့်အကွာအဝေးမှာ အဖြူရောင်အမျှင်တန်းတချို့က အသက်တို့ကြားချည်နှောင်ထားပေးသည်။ ဒီလိုရင်ခုန်ဖွယ်အနေအထားမှာ အသက်ဘက်က မျက်လုံးတွေမှေးစင်းရင်း အစောကမှရပ်တန့်လိုက်သည့် အနမ်းတို့ကိုတွေးမိသည်။

ထိုသို့ ပူလောင်မှုတွေပြင်းထန်နေသည့် အခိုင်အတန့်မှာပဲ ကန်ဘောင်ပေါ်လှဲသိပ် ခံထားရသူက နှုတ်ခမ်းလှလှလေး၏ ညာဘက်ထောင့်ကနေစပြီး လျှာဖျားလေးဖြင့် သပ်ချသွားလိုက်တာက ဘယ်ဘက်အစွန်းအထိပြီးသွားသည့်နောက်မှာ လျှာထိပ်လေးကို နှုတ်ခမ်းနှစ်လွှာကြားမှာ သေးသေးလေးပေါ်လွင်နေစေသည်။

မေ့...နေရောင်ခြည်နွေးနွေးလေး (Completed)Where stories live. Discover now