အပိုင်း (၉)

1.7K 120 4
                                    

"ဟော နေခြည်....၊ ဘယ်လိုလုပ်ပြီး ဒီဘက်ကိုရောက်လာတာလဲ။ လာလေ ဝင်ထိုင်ဦး"

မနေနိုင်မထိုင်နိုင်နဲ့ ကလေးမလေး၏အဆောင်ထိသွားကြည့်မိသည်က အဆောင်မှူးဖြစ်သူ အမလဝန်းနှင့် တွေ့ရသည်။ မျက်စိရှေ့က အမလဝန်းကို မကြည့်ပဲ ဘေးဘီကိုဝေ့ကြည့်ပြီး ရှာကြည့်သော်လည်း အရိပ်အယောင်ပင် မတွေ့ရ။

ဒီအချိန်ဆိုရင်တော့ အဆောင်မှာပဲ ရှိလောက်မှာပါဟု ထင်ခဲ့ပြီး လိုက်လာခဲ့သည်က..အခုချိန်မှာ မမြင်ရ၊မတွေ့ရနှင့် စိတ်ထဲပိုလို့တင်းကျပ်စေသည်။ မတွေ့တာကြာသည့် မျက်နှာလေးကို ကြာကြာမြင်ရဖို့အတွက် အခွင့်မပါသလားလို့တောင် ထင်မှတ်ချင်လာသည်။

ဘယ်လိုကြောင့်များ တွေ့ရသည့်အချိန်ခဏလေးမှာ 'ချစ်တယ်၊ကြိုက်တယ်'တွေ ပြောထွက်လိုက်ပါလိမ့်နော်။ ဒေါ်နေခြည်..ဒေါ်နေခြည် ဒီပါးစပ်နဲ့ဒီမျက်လုံးတွေကြောင့် ကလေးက ရှက်သွားတာဖြစ်မှာ လို့ စဥ်းစားမိပြီး သူမပါးစပ်ကို လက်ဖြင့် ရိုက်မိသည်။

"ဘာဖြစ်လို့လဲ နေခြည်..."

"သြော်....ဘာမှမဖြစ်ပါဘူး အမ၊ ဒီကို သပ်သပ်ပဲလာလိုက်တာ။ လာလေ အထဲသွားကြမယ်မဟုတ်လား။"

စကားတွေကလည်း ဆင်ကန်းတောတိုးနေသလိုနဲ့ အဆုံးမှာဘယ်လိုမှဆက်မပြောလို့အဆင်မပြေသည်မို့ လူရွှင်တော်တစ်ယောက်လိုပဲ အကြီးအကျယ်ဖြဲပြလိုက်မိသည်။

"အမ်..အင်း၊ အင်း လာလေ။
အိမ်ထဲဝင်ကြအောင်..လာ လာ..နေခြည်"

အူကြောင်ကြောင်မျက်နှာပေးနှင့် အိမ်ထဲအတင်းခေါ်သလိုလုပ်နေသည့် အမလဝန်းနောက်ကို သူမလိုက်လာမိသည်။ အမလဝန်းတို့အိမ်ဝိုင်းက မိသားစုနေသည့်အိမ်က သပ်သပ်ဖြစ်မည်။ ထိုအိမ်၏ဘေးနှင့်အနောက်တွင်ရှိသော အိမ်များတွင်တော့ အဆောင်သူငှားတာဖြစ်နိုင်သည်။ အိမ်ဝိုင်းကတော်တော်လေးကျယ်သည်မို့ ဟိုဖက်ရှိအိမ်များကို လှမ်းချောင်းကြည့်ဖို့ရန် ခဲယဥ်းလှသည်။

"ဟိုဘက်အိမ်တွေကို အဆောင်ထားတာလား အမ..."

"ဟုတ်တယ်လေ...မမတို့လည်း မိသားစုကနည်းတယ်ဆိုတော့ အပိုဝင်ငွေလေးပဲ ရရဆိုပြီးထားတာ၊ သိပ်တော့ လူအများကြီးမဟုတ်ပါဘူးနေခြည်ရယ်၊ ၃၀လောက်ပဲရှိတာပါ။"

မေ့...နေရောင်ခြည်နွေးနွေးလေး (Completed)Where stories live. Discover now