အပိုင်း (၁၀)

1.7K 119 3
                                    

Happy birhdayပါ မာမီ့ရဲ့ ဘေဘီလေးရေ၊ ဖြစ်တည်စရာတွေ၊ ရွေးချယ်ခွင့်တွေအများကြီးထဲကမှ မာမီ့ကိုရွေးချယ်ပေးခဲ့လို့ ကျေးဇူးတင်ရပြီး အရမ်းချစ်စရာကောင်းလို့ အရမ်းပဲချစ်ရပါတယ်ရှင်။

ဒီပထမဆုံးphotoလေးကို ဘေဘီလေးတို့ ဒယ်ဒီ့ဖုန်းထဲကတွေ့တာပါနော်။ ကြည့်ပါဦး ဘယ်လောက်တောင်များ ချစ်စရာကောင်းနေလဲဆိုတာ.......ဘာပဲဖြစ်ဖြစ် ဒီနှစ်အတူမလိုက်နိုင်ပေမယ့် ပို့လိုက်တဲ့ Birthday cakeကို သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်မျှဝေလိုက်ပါနော်။

မွေးနေ့ဆုတောင်းအနေနဲ့ ထပ်ပြောရရင် Happy birthdayလို့ပဲ ထပ်ပြောပါဦးမယ်။ ဘဝမှာ ပျော်ရွှင်ဖို့က အဓိကမို့ မာမီ့ဘေဘီလေး တကယ့်တကယ်ကို Happy birthdayလေးဖြစ်ပါစေကွယ်။

သြော်..ဒါနဲ့နော် Bd cakeနဲ့အတူ မာမီ့အချစ်တွေအများကြီးပါထည့်ပေးလိုက်တယ် သိလား.....မွမွမွမွမွမွမွမွ See More.....

See Moreဆိုသည့်နောက်မှ အစက်များထံလက်ဖြင့်ထိတွေ့လို့ ဖတ်ကြည့်သော်လည်း ဘာမှ ပေါ်မလာသည်မို့ အသက် အသည်းအသန်ပင် ကြိုးစားနှိပ်နေမိပြီးနောက်မှာ တင်ထားသော ဓာတ်ပုံများက တစ်ပုံစီဖြစ်သွားလေသည်။

တစ်ပုံချင်းစီဖြစ်သွားသော ဓာတ်ပုံများကို အထက်သို့ဆွဲမကြည့်ဖြစ်သေးပဲ ပထမဆုံးပေါ်လာသည့် ရင်ခွင်ထဲထိုးဝှေ့ကာ အချွဲပိုနေပုံရသော ချောမော၍ချစ်စရာကောင်းသော မျက်နှာလေးကို Zoom ချဲ့ကာဖြင့် ကြည့်နေမိသည်။

"တင်ပြီဟေ့ တင်ပြီ၊ လုံးဝကို၁၂နာရီအတိပဲ။ မားသားကြီးကတော့ တစ်ခါမှ နောက်မကျဖူးဘူး...."

ကုတင်ပေါ်ကနေ ခန္ဓာကိုယ်ကို မျိုးစုံးခွေခေါက်ကျောက်ကန်ရင်းမှ ထွက်ပေါ်လာသည့် ကျယ်ကျယ်လောင်လောင်အသံကြောင့် ဘေးချင်းကပ်လျက်က အသက်သည် ဖုန်းScreenမှ အာရုံတို့ ပျံ့လွင့်သွားတော့သည်။

"ဘာဖြစ်လို့လဲ သီတာ၊ နင့်အသံက တအားနဲ့..."

ဆက်မပြောပဲ မျက်နှာကို အတင်းညှစ်ပြီးပြုံးပြလိုက်တော့ အေးသီတာရဲ့ လက်ချောင်းတွေက အသက်ပခုံးအပေါ်မှာ ဖျစ်ညှစ်ကာ...
"ငါ့ရဲ့ ကိုကိုလေ...သူ့မာမီဟာ.... ကျစ် ချစ်လိုက်တာဟယ်။ ဒီနေ့ ကိုကို့မွေးနေ့လေ..အဲ့တာကို BD postတင်ပေးထားတာ။ ဒီမှာကြည့်လိုက်.....ငါတော့ အူယားလွန်းလို့သေမှာပဲ"

မေ့...နေရောင်ခြည်နွေးနွေးလေး (Completed)Where stories live. Discover now