အပိုင်း ၇

144 17 0
                                    

Kueaလေးအဖြစ် ဟန်ဆောင်ပြီး နေရတာက အရမ်းပင်ပန်းလာတယ်လို့ Kuea Keeratiကိုယ်တိုင် ပထမဆုံး စတင်ပြီး ခံစားလာရတာက အသက် ၁၄နှစ်အရွယ်မှာ ​ဖြစ်သည်။ Nam Phrayaမျိုးရိုးက ဆင်းသက်လာသူ၊ ထင်ရှားတဲ့မျိုးရိုးနာမည်... အစရှိတာတွေက နေသားကျနေပေမယ့် သူ့အတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုလို ခံစားနေရတာက အတော်ကြာနေပြီ။ စာသင်နှစ်တစ်ခုပြီးတိုင်း သခင်မကြီး Kevalinနှင့်အတူ ထိုင်းနိုင်ငံကို ပြန်လာဖြစ်တဲ့အချိန်တိုင်းမှာလည်း Kueaက အမေဖြစ်သူနောက်ကို လိုက်သွားရပြီး လူတော်တော်များများကို တွေ့ဆုံခဲ့ရသည်။ ဘာဖြစ်လို့လဲဆိုတော့ အမေက လူကုံထံအသိုင်းအဝိုင်းမှာ မျက်နှာပန်း လှတဲ့လူဖြစ်ပြီး အဖေကလည်း နောက်ကျမကျန်ခဲ့ပေ... ဘယ်သူမဆို Keeratiမိသားစုနှင့် ပတ်သတ်ချင်ကြတာပဲ... သံအမတ်မိသားစုနှင့် နီးကပ်ချင်ကြတာပဲ... Kueaက စကားကို ယဉ်ယဉ်ကျေးကျေး ပြန်တုန့်ပြန်လိုက်၊ ပြုံးပြလိုက်၊ ခပ်တိုးတိုးလေး ရယ်လိုက်၊ သူတို့ ပြောသမျှ မြှောက်ပင့်တဲ့စကားတွေကို နားထောင်လိုက်... အဲ့လို လုပ်ရတာတွေကို အရမ်းစိတ်ကုန်နေပြီ။ ဒါတွေက အကုန်အလိမ်အညာတွေဆိုတာကို သူ သိထားပြီးသားလေ...

သူ့နှလုံးသားလေးအတွက် ကောင်းတဲ့တစ်ခုတည်းသော အရာကတော့ Hia Lianက အမြဲတမ်း သူနှင့်အတူ လိုက်ပေးတာပင်... Kuea Keeratiနှင့် Kilane Wangတို့ကြားထဲက နှစ်ဖက်မိဘ သဘောတူစေ့စပ်ထားတယ်ဆိုတာက လျို့ဝှက်ထားတဲ့အရာမှ မဟုတ်တာ... ငယ်ရွယ်တဲ့ကြင်ဖက်နှစ်ယောက်က သူတို့မိဘတွေ ပွဲတစ်ခုခုကို တက်ကြတိုင်း လိုက်ပါလေ့ရှိသည်။

ဒါပေမယ့် Hiaနှင့် Kueaကြားထဲက ကွာခြားချက်ကတော့... Hiaမှာ ထိုင်းနိုင်ငံက လူ့အသိုင်းအဝိုင်းထဲမှာ အသိတွေ ပေါများပြီး Kueaကတော့ အသိတစ်ယောက်မှ မရှိ... Hiaနှင့် အတူတူသွားတိုင်း Hiaက သူ့ကို အဖော်လုပ်ပေးပေမယ့် အမြဲတမ်းလိုလို နောက်ဆုံးမှာတော့ Hiaရဲ့အသိတွေ၊ သူငယ်ချင်းတွေက Hiaကို သူ့ဆီကနေ ဆွဲခေါ်သွားတက်သည်။ Kueaက ငယ်သေးသည်။ အသက်ခုနစ်နှစ်နှင့် အထက် ကြီးနိုင်တဲ့ Hiaနှင့် အဆင့်တူ Hiaရဲ့သူငယ်ချင်းတွေ၊ အသိတွေ ကြားထဲ ဝင်ရောဖို့က မလွယ်... အဲ့ဒီတော့ Kueaက အမေဖြစ်တဲ့ သခင်မကြီး Kevalinအနောက်ကနေ လိုက်ပြီး လူတိုင်းကို နှုတ်ဆက်နေရသည်။ Hiaကိုတော့ သူ အဝေးကနေပဲ ငေးကြည့်ခဲ့ရတာ...

ခရူတီပိုင်း - မြန်မာဘာသာပြန်Where stories live. Discover now