အပိုင်း ၁၆

247 15 0
                                    

Kueaလေး မွေးဖွားလာတုန်းက Kilane Wangက ထိတောင် မထိတွေ့ရဲဘူး။ အားအင်တွေ သုံးပြီး ရေခဲအိတ်တွေ သယ်ထားတာကြောင့် အလုပ်ကြိုးစားတဲ့ကောင်လေးရဲ့လက်မှာ အသားမာတွေ တက်နေပြီ။ ဒီကလေးလေးကို သူ နာကျင်အောင် လုပ်မိသွားမှာကို စိုးရိမ်နေတာ...

'အ​ဆင်ပြေပါတယ်။ သား Lianရဲ့... သားက ဘယ်တော့မှ Kueaလေးကို နာကျင်အောင် မလုပ်ဆိုတာကို ဒေါ်ဒေါ် ယုံတယ်'

သခင်မကြီး Kevalinက ဒီကမ္ဘာကြီးရဲ့အလင်းရောင်ပဲ... သူ့ရဲ့အလုပ်များတဲ့အမေတောင် သခင်မကြီး Kevalinနှင့် စကားပြောနေတဲ့အချိန်မှာ တောက်ပနေတာ... အမေက ရေခဲစက်ရုံမှာတုန်းကလို မျက်မှောင်တွေ မကြုတ်ထားပဲ အလှအပရေးရာကိစ္စတွေ၊ လက်မှုပစ္စည်းတွေအကြောင်းကို ပျော်ရွင်စွာ ဖလှယ်နေကျ... အမေပြောတာကတော့ သခင်မကြီး Kevalinက သူတို့အပေါ်မှာ အရမ်းကောင်းပေးတာတဲ့... သူတို့ ဒိလိုအခြေအနေထိ ရောက်နိုင်ခဲ့တာကလည်း သခင်ကြီး Keeratiကြောင့် ဖြစ်လာတာလို့ ​သတိပေးနေကျပင်...

Lianအရွယ်မှာ ကျေးဇူးတရားဆိုတာကို သိပ်ပြီး နားမလည်ခဲ့... ရေခဲစက်ရုံတစ်ခုကို လည်ပတ်အောင် လုပ်ကိုင်ရတာက အရမ်းပင်ပန်းလွန်းပြီး အချိန်တွေ ကုန်သွားတာတောင် မသိလိုက်... Kilaneရေခဲစက်ရုံက တစ်နိုင်ငံလုံးအနှံ့ ရုံးခွဲတွေ ဖွင့်လှစ်နိုင်ခဲ့ပြီ။ ပြီးတော့ သူတို့က စီးပွားရေး လုပ်ငန်းကို ချဲ့ထွင်နိုင်ခဲ့ပြီး ဖျော်ရည် ယာမကာ တင်သွင်း ဖြန့်ချီသည့်လုပ်ငန်းကို တည်ထောင်ထားကာ စားသောက်ဆိုင်တွေဆီ တင်သွင်းနေတာ နှစ်အနည်းငယ်တောင် ရှိနေပြီဖြစ်သည်။

Keeratiမိသားစုကို ပြန်ပေးဆပ်ဖို့အတွက် Lianလုပ်နိုင်တဲ့တစ်ခုတည်းသောအရာက Kueaလေး ပျော်ရွင်အောင် အရာအားလုံးကို ဖြည့်ဆည်းပေးတာပင်... ကြီးမား ဝိုင်းစက်တဲ့မျက်လုံးတွေနှင့် သူ့ကို စိုက်ကြည့်တက်တဲ့Kueaလေးပေါ့... Kueaလေးက တွားသွားတက်တဲ့အရွယ်ကို ရောက်လာတဲ့အချိန်မှာ တွေ့သမျှအရာတွေကို ပါးစပ်ထဲ ထည့်တက်သည်။ Lianရဲ့လက်ရောပေါ့... Kueaလေးက အသေကိုက်တက်တဲ့ကလေး... Lianရဲ့လက်တစ်ခုလုံး သွားရည်တွေနှင့် ရွဲစိုနေတဲ့အထိကို ကိုက်တက်တာ... Kueaလေးကို ချီဖြစ်တဲ့အချိန်တုန်းကလည်း သူ့ရဲ့နားရွက်ကို ကိုက်ခဲ့တာလေ...

ခရူတီပိုင်း - မြန်မာဘာသာပြန်Where stories live. Discover now