အပိုင်း ၁၃

3.4K 138 12
                                    

Kueaလေးကို အိမ်ပြန်ခေါ်လာဖို့အတွက် အချိန်တော်တော်လေး ယူလိုက်ရသည်။ ဒီအရက်မူးနေတဲ့ကောင်လေးက သူ့ကို တွန်းထုတ်နေတာကြောင့်လေ... Kueaလေးက လူစိမ်းတွေ ထိတွေ့လာတာကို မနှစ်သက်... ပြီးတော့လည်း သူ့ကို Kueaလေးလို့ မခေါ်ဖို့၊ Lianကသာ သူ့ကို အဲ့လို ခေါ်ခွင့်ရှိတယ်ဆိုပြီး တားမြစ်သေးသည်။

'ကိုယ်လေ... Kueaလေးလို့ ကိုယ် ခေါ်လို့ ရတာပေါ့'

'Hiaလား'

ရှည်လျားတဲ့အရပ်ပိုင်ရှင်က ကိုယ်ကို ကိုင်းလိုက်ပြီး ဆိုဖာပေါ်က အရက်မူးနေတဲ့ကောင်လေးကို ကြည့်နေမိသည်။ ခေါင်းလုံးလုံးလေးကို ဘယ်လောက်ပဲ ထောင်နိုင်အောင် လုပ်နေပါစေ၊ ပြန်ပြန်လဲသွားတာက တကယ်ကို ချစ်စရာလေး... Kilane Wangက ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်ပြီး သူ့ရဲ့နှုတ်ခမ်းသားတွေကလည်း ကွေးတက်နေကာ ရီဝေနေတဲ့ကောင်လေးရဲ့မျက်လုံးတွေကို ကြည့်နေမိသည်။

'ကိုယ်လေ...'

'မပြုံးနဲ့... Kuea မကြိုက်ဘူး'

'ဒါပေမယ့် ကိုယ်က Kueaလေးကို ပြုံးပြချင်တယ်လေ... ဒါက ကောင်းတဲ့အရာ မဟုတ်ဘူးလား'

'မကောင်းဘူး! Hia ပြုံးတာကို Kuea သဘောကျတယ်။ ဒါပေမယ့် Kueaက Hiaကို သဘောမကျချင်ဘူး'

စိတ်ကောက်နေသလို ရစ်နေတဲ့ သူ့ရဲ့သတို့သားလောင်းလေးကြောင့် Kilane Wangရဲ့အသိစိတ်တွေ ပြတ်တောက်သွားပြီ။ Jayminiရဲ့ကလပ်ကနေ ပြန်ခေါ်လာခဲ့တဲ့ညတုန်းကလိုမျိုး Kueaလေးက ဆိုးသွမ်းပြီး ခေါင်းမာနေတုန်းပင်...

'ဒါပေမယ့် ကိုယ်က Kueaလေးကို သဘောကျတယ်လေ...'

'မဟုတ်ဘူး။ Kueaက Hiaကို သဘောမကျဘူး။ ဒီလောက်နဲ့တင် လမ်းခွဲရအောင်!'

ဖြူဖွေးနေတဲ့လက်နှစ်ဖက်က ခေါင်းအုံးတစ်ခုကို ယူပြီး ပွေ့ဖက်ထားကာ Lianကို ဝေးရာသွားဖို့ လက်ပြနေသည်။

'ကိုယ်တို့ လမ်းခွဲရအောင် ဘယ်သူမှ မလုပ်နိူင်ဘူး! ကိုယ်ကတော့ Kueaလေးကို လက်ထပ်မှာ...'

'တကယ်လား'

Kueaလေးရဲ့တွန့်ဆုတ်နေတဲ့မျက်နှာလေးကြောင့် ခန္ဓာကိုယ် ထွားကြိုင်းတဲ့လူကြီးက သူ့ကိုယ်သူ အပြစ်ရှိသလို ခံစားလိုက်ရသည်။ Kueaလေးရဲ့နာကျင်မှုတွေကို ပြန်ပြီး အစားထိုးပေးနိုင်ဖို့အတွက် Kueaလေးကို ဘယ်တော့မှ မနာကျင်စေရပါဘူးလို့ သူ့ကိုယ်သူ ထပ်ပြီးတော့ ကတိပေးသည်။

ခရူတီပိုင်း - မြန်မာဘာသာပြန်Where stories live. Discover now