အပိုင်း ၂

2.3K 212 10
                                    

Kuea Keeratiက Keeratiမိသားစုရဲ့အမွေဆက်ခံသူ၊ Nam Phrayaမျိုးရိုးရဲ့မျိုးဆက်လည်းဖြစ်တဲ့အပြင် ဖခင်ဖြစ်သူကလည်း သံတမန်ရေးရာအပိုင်းမှာ ထူးချွန်တဲ့အမတ်တစ်ယောက်ဖြစ်သည်။ အခုအချိန်မှာတော့ ထိုကောင်လေးက ဝရန်တာဘက်မှာ ထွက်ထိုင်နေပြီး အဝေးကနေ လှမ်းမြင်နေရတဲ့ချားရဟတ်ကို ငေးကြည့်ကာ ဆေးလိပ်သောက်နေသည်။ သူ့ရဲ့သေးသွယ်လှတဲ့ လက်ချောင်းနှစ်ချောင်းက စီးကရက်တစ်လိပ်ကို ညှပ်ထားကာ နှုတ်ခမ်းနား တေ့လိုက်ရင်း မှုတ်ထုတ်လိုက်တဲ့ မီးခိုးရောင်အငွေ့တွေက​ လေထုထဲတွင် ကွဲထွက်ပြီး ပျောက်ကွယ်သွားသည်။ မနက်ခင်း ရှစ်နာရီအချိန်မှာ တိုက်ခတ်နေတဲ့ လေပြည်လေးညှင်းလေးတွေက သပ်သပ်ရပ်ရပ် ညှပ်ထားတဲ့ဆံသားအတိုလေးတွေထဲ အတင်းထိုးဝင်နေလျက်...


သူ ညက အရှိန်ကြောင့် အရက်နာကျနေပေမယ့်လည်း သူ့ရဲ့လုပ်နေ​ကျအချိန်ဇယားအတိုင်း အတင်းကြိုးစားပြီး မနက်အစောကြီး ထခဲ့ရတာ... ဘာဖြစ်လို့လဲဆိုတော့ Hia Lian အလုပ်သွားဖို့အတွက် သူက နေ့တိုင်း နှိုးပေးရတာကို... ကောင်းကင်ဘုံကနေ လိုက်ဖက်တယ်လို့ ချီးမြှောက်ထားတဲ့လက်တွဲဖော်တွေရဲ့ဘဝက ချိုမြိန်မှုတွေ၊ ကြင်နာယုယမှုတွေနဲ့ ပြည့်နှက်နေရမှာ... Hia Lianဆိုတာကလည်း မနက်ခင်းတိုင်းမှာ Morning Callလေး ခေါ်ပြီး ည အိပ်ယာဝင်တဲ့အချိန်တိုင်းမှာလည်း Good Nightဆိုတဲ့စကားကို နေ့တိုင်း ပြောချင်တဲ့ စံပြချစ်သူပုံစံမျိုး မဟုတ်လား။ Hiaက အလုပ်မှာ ညဆိုင်းဆင်းရမယ့်ရက်တွေမှာတောင် ကုမ္ပဏီကနေ သူ့ဆီ ဖုန်းဆက်နေကျ... အဲ့အချိန်တွေတုန်းက သူ့မှာ အချစ်စိတ်တွေ မွှန်နေတော့ Hiaရဲ့အပြုအမူတွေအပေါ် သူ လုံးဝသတိမထားမိခဲ့... တကယ်တော့ အခုလို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အထိကို Hia လုပ်ပေးခဲ့တဲ့အရာအားလုံးက တာဝန်အရကြောင့်တဲ့...

အထက်တန်းလွှာတွေအတွက် ဖွင့်လှစ်ထားတဲ့ နာမည်ကြီး The Pentagon ဘားက ဘန်ကောက်မြို့လယ်ခေါင်တွင် ​စတင် ဖွင့်လှစ်ထားတာ နှစ်နှစ်တောင် ရှိခဲ့ပြီ။ Hia Lianက ဒုတိယဥက္ကဋ္ဌအနေနှင့် ဖခင်ဖြစ်သူကို ဘေးကနေ ကူညီပြီး လုပ်ငန်းကို ဦးဆောင်နေတယ်ဆိုပေမယ့်လည်း ညအချိန်မှာလည်း စီးပွားရေးတစ်ခုကို အစပျိုးပြီး လုပ်ခဲ့တာ... သူ့ရဲ့ဖျော်ရည်၊ ယာမကလုပ်ငန်းနှင့် ဆက်စပ်တဲ့အရာမျိုးပေါ့...

ခရူတီပိုင်း - မြန်မာဘာသာပြန်Where stories live. Discover now