အပိုင်း ၁၁

2.1K 130 2
                                    

သရဲမြင်နေရတယ်လို့ Kuea Keerati ထင်မိသည်။ Kilane Wangနှင့်အတူတူ နေရတဲ့ဒုတိယနေ့​မှာတော့ သူ့ရဲ့သတို့သားလောင်းက ဟင်းချက်နေတယ်တဲ့! Hia Lianက ဟင်းချက်တက်တယ်! ကမ္ဘာတော့ ပျက်တော့မှာပဲ!

'မောနင်းပါ။ Kueaလေး...'

'မောနင်းပါ။ Hia...'

Hia Lianအစစ်ပဲ... လူစားထိုး သရုပ်ဆောင်လည်း မဟုတ်သလို၊ နှစ်ကိုယ်ခွဲလည်း မဟုတ်ဘူး။ Hia Lianက မီးဖိုရှေ့မှာ ရပ်နေပြီး ကြက်ဥကြော်နေတာ... အဲ့အနံ့က တကယ်ကို သရေကျစရာပင်... Hiaရဲ့ကြီးမားတဲ့လက်က ဂတ်စ်အိုးကို ပိတ်ပြီး ကြက်ဥကြော်ကို လှန်ကာ ပန်းကန်ထဲ ထည့်လိုက်ပြီးတော့ အိုးထဲက ဆန်ပြုတ်တွေကို မွှေနေသည်။ နောက်တစ်ဆင့်အနေနှင့် လှီးထားတဲ့ဂေါ်ဖီတွေကို ကြော်နေတာ... Hia Lianကို ကြည့်ရတာ တကယ်ကို ကျွမ်းကျင်အဆင့်ပင်... ယောင်းမနှင့် မွှေနေရင်း ဆော့စ်ကို ယူကာ ချိန်မနေဘဲ ထည့်လိုက်တဲ့ပုံစံက Hia Lianက တကယ့်ကို ဟင်းချက်တက်တယ်လို့ ပြောလို့ ရသည်။ Kuea Keeratiရဲ့အစာအိမ်ကတော့ သံစုံတီးဝိုင်းတီးနေလျက်...

'Kueaလေး... ကိုယ့်ကို ရေခဲသေတ္တာထဲက ဆားဘဲဥလေး ယူပေးပါလား။ သံပုရာသီးနဲ့ လှီးထားတဲ့ငရုတ်သီးရောပဲ...'

'ဟုတ်...'

သူ ဒီကမ္ဘာကြီးပေါ်မှာ အံ့သြဖွယ်ရာတွေကို တွေ့လိုက်ရသလိုမျိုး အရမ်းဆွံ့အသွားခဲ့တာ... ဟင်းချက်ဖို့အတွက် သင်ကြားပေးခံရတဲ့Kuea Keeratiကတော့ ကြက်ဥ​ကိုတောင် ဖြောင့်အောင် မကြော်တက်ပေ... ကြက်ဥစိမ်း၊ ဆားဘဲဥနှင့် ဆေးဘဲဥကို သေချာခွဲတက်သွားတာကပဲ ကံကောင်းသွားသည်။ သံပုရာသီးနှင့် ငရုတ်သီးကတော့ အောက်ထပ်က ဟင်းသီးဟင်းရွက်တွေ ထားတဲ့အခန်းမှာပေါ့...

'ကိုယ့်ကို ဆားဘဲဥနဲ့ သံပုရာသီးလေး လှီးပေး​ဦးနော်... ဓားက ဟိုနားမှာ...'

ငါလုံး! သူ ဘယ်လိုလုပ်ရမှာလဲ။ ဒါပေမယ့် သူ ဒီအတိုင်း ဆားဘဲဥကို လှီးလိုက်ရုံပဲလေ... ကိုယ်တွယ်ရတာ သိပ်မခက်... တစ်ချက်လှီးလိုက်ရင် နှစ်ခုကွဲသွားပြီ။ Super Bikeကို သရတာထက်တောင် ပိုပြီးလွယ်ကူသေး...

Hia Lianရဲ့အိမ်ပုံစံအတိုင်း ကိုက်အောင် လုပ်ထားတဲ့အမဲရောင်အတုံးထဲက ဓားကို တုန်ရီနေတဲ့လက်နှင့် ထုတ်လိုက်သည်။ နောက်ပြသာနာတစ်ခုက ဘယ်အပိုင်းကို လှီးရမှာလဲ။ ဆားဘဲဥက အဝိုင်းမဟုတ်ဘဲ ဥပုံစံလေ... အလျားလိုက် လှီးလိုက်ရမလား၊ ​ကန့်လန့်ဖြတ် လှီးလိုက်ရမလား။ သူ စားဖူးတဲ့ပုံစံကို ရေးတေးတေး မှတ်မိတာတော့ အလျားလိုက် လှီးထားတာပဲ... အဲ့ဒါဆိုရင် သူ အဲ့အတိုင်း လှီးတော့မည်။

ခရူတီပိုင်း - မြန်မာဘာသာပြန်Where stories live. Discover now