ဇာတ်လမ်း အစပြုခြင်း

11K 378 12
                                    

Kilane Wangနှင့် Kuea Keeratiတို့က မိဘအချင်းချင်း သဘောတူ စေ့စပ်ပေးထားကြတာ ဖြစ်သည်။ Keeratiမိသားစုမျိုးရိုးက Nam Phrayaမျိုးရိုးကနေ ဆင်းသက်လာဖြစ်ပြီး ယခုအချိန်ထိ နေရာကောင်းတဲ့ မြေကွက်အမြောက်အများကို ပိုင်ဆိုင်ထားကာ ပိုးထည်လုပ်ငန်းတွေ၊ ထိုင်းမှာရှိတဲ့ အဝတ်အစားဘရမ်းတော်တော်များများကို ဦးစီးပြီး လုပ်ကိုင်နေတုန်းပင်...

(Nam Phrayaဆိုတာက တော်ဝင်စပ်တဲ့ နာမည်ကြီး မင်းမှူထမ်းမျိုးရိုးပါ။)

Wangမျိုးရိုးကတော့ စစ်ကြီးကာလတုန်းက တရုတ်ပြည်က စက္ကူတွေကို သယ်ယူရောင်းချတဲ့လှေနှင့် လိုက်လာခဲ့ပြီး ထိုင်းကို ရောက်ရှိလာခဲ့တာ ဖြစ်သည်။ သူတို့တွေက Keeratiမိသားစုပိုင်ဆိုင်တဲ့ ပိုးထည်လုပ်ငန်းရုံတွေမှာ အလုပ်လုပ်ခဲ့တာ... Wangမျိုးရိုးရဲ့ဘိုးဘေးတွေက လုံ့လဝီရိယရှိရှိနှင့် အလုပ်ကို ဇွဲရှိရှိ လုပ်ခဲ့တာကြောင့် Keeratiမိသားစုက အရမ်း သဘောကျပြီး သူတို့မျိုးရိုးအပေါ် ယုံကြည်မှုတွေက ပိုပိုပြီး တိုးပွားလာခဲ့ရာ... တစ်နိူင်ငံလုံး အနှံ့ရှိ၊ Keeratiမိသားစုပိုင် ဆိုင်ခွဲတိုင်းကို ဦးစီး အုပ်ချုပ်ရတဲ့ အထွေထွေမန်နေဂျာရာထူးသို့ ရောက်သွားခဲ့သည့်အထိပင်... Wangမျိုးရိုးက အခြားအိမ်တော်တစ်ခုက သခင်ကြီးရဲ့သမီးဖြစ်သူနှင့် လက်ဆက်ပြီးတဲ့အချိန်မှာတော့ အလုပ်ထွက်ခဲ့ပြီး ဇနီးသည်ဖြစ်သူရဲ့စီးပွားရေးကို ဆက်လက်လုပ်ကိုင်ခဲ့သည်။ ယခုဆိုရင် ထိုင်းနိူင်ငံအနှံ့ ဆိုင်ခွဲတော်တော်များများ တိုးချဲ့နိူင်တဲ့အထိပင်...

Keeratiမျိုးရိုးနှင့် Wangမျိုးရိုးတို့ကြားထဲက သဘောတူ စေ့စပ်ထားမှုဆိုတာက လက်ခံချင်စရာပင်... ဘာဖြစ်လို့လဲဆိုတော့ သခင်ကြီးKeeratiက လုပ်ဖော်ကိုင်ဖက်ဖြစ်သူအပေါ်ကို ယခုအချိန်ထိ သံယောဇဥ် တော်တော်လေး ရှိနေတုန်း... Wang မိသားစုက ပြည်တွင်း၊ ပြည်ပ အဖျော်၊ ယာမကာ တင်သွင်း တင်ပို့သည့် လုပ်ငန်းကို အစပြုလိုက်ချိန်မှာ ပိုက်ဆံ ပြတ်လတ်သွားတာကြောင့် ဆယ်သန်းကျော်ကို လိုလိုလားလား ချေးဌားပေးခဲ့တာ...

Wangမိသားစုရဲ့အိမ်တော်မှာ လေးဖက်ထောက် သွားနေတဲ့ နှစ်နှစ်အရွယ် သားလေးတစ်ယောက်ကို တွေ့လိုက်ရတဲ့အချိန်မှာ Keerati မိသားစုဘက်ကနေ သူတို့ မြေးလေး၏ အိမ်ထောင်ဖက်အနေနှင့် စေ့စပ်ကြောင်းလမ်းဖို့ကို စကားစခဲ့တာ...

ခရူတီပိုင်း - မြန်မာဘာသာပြန်Where stories live. Discover now