အပိုင်း ၆

145 22 0
                                    

Kuea Keeratiက လျို့ဝှက်အိမ်မှာ ရှိနေတာ သုံးရက်ရှိပြီ။ ဘာကြောင့် ရှိ​နေရတာလဲဆိုတော့ အိမ်ရွေ့ပြောင်းရန် ပြင်ဆင်ဖို့အတွက် အချိန်တစ်ပတ်ကို Hiaဆီက တောင်းခဲ့တာလေ... ဒါပေမယ့် ယူလာမယ့်ပစ္စည်းတွေက သိမ်းဖို့မလွယ်ဘူးဆိုရင် ကူပေးဖို့အတွက် စံအိမ်ဆီ လူပို့ပေးမယ်လို့ Hia ပြောခဲ့သေးသည်။ တကယ်က တစ်ရက်တည်းနှင့် ထုပ်ပိုးပြီးသွားတာ... အဲ့ဒီတော့ ကုန်သွားတဲ့သုံးရက်က ဒီအတိုင်း ဒီအိမ်မှာပဲ နေဖြစ်ရင်း သုံးရက်ပဲ ကျန်တော့သည်။


နောက်ဆုံးတော့ သူ The Pentagonဆီ ပြောင်းရွေ့ရတော့မည်။ ဒီအဆင့်အတန်းမြင့်တဲ့ဘားကို သူ မြင်ဖူးတယ်ဆိုပေမယ့် ကြေညာတွေနှင့် ဓာတ်ပုံတွေထဲမှာပဲ သူ မြင်ဖူးတာ... Hia တည်ဆောက်ထားတဲ့နန်းတော်က ဘယ်လိုမျိုး ဖြစ်နေမလဲ။

Hiaအိမ်ကို ပြောင်းနေဖို့အတွက် ထုပ်ပိုးရတာက သိပ်တော့လည်း မများ... သူနှင့်အတူတူ သယ်သွားလို့ရတဲ့ပမာဏလောက်ပဲ... သခင်လေးKeeratiရဲ့ သပ်သပ်ရပ်ရပ် အဝတ်အစားတွေရယ် ကျောင်းသုံးပစ္စည်းတွေလောက်ပဲ... သူ သတိထားရမှာက သူ့ကိုယ်ပိုင်ဘဝက ပစ္စည်းတွေလေ... Chi Linက လျို့ဝှက်အိမ်ကို ပြန်ရောက်နေပြီ။ ဒရမ်နှစ်စုံမှာလည်း တစ်စုံက တီးတာ ကြာပြီ။ ကျန်တာကတော့ သိပ်မတီးဖြစ်သေး... Jayရဲ့ကလပ်ကို ပေးထားလိုက်ရင်ရော... သူ ဘယ်လိုလုပ် ဆက်ပြီးတော့ ဒရမ်တီးလို့ ရဦးမှာလဲ။ ​သူ ခေါင်းခဲလာပြီ။

'အိမ်မှာ သေချာနေခဲ့ကြနော် ငါ့သားတို့...'

'Diao လာကြည့်ပေးမယ်'

Diaoက သူငယ်ချင်းဖြစ်သူကို ကြည့်ပြီး သနားနေမိသည်။ Kueaနှင့် Hia Lian စေ့စပ်ပြီးကတည်းက ဒီနေ့လို နေ့မျိုး ရောက်လာမှာကို ကြိုတွေးထားပြီးသား... အဲ့ဒါကို Kueaလည်း သိမှာပါ။ Chi Linနှင့် ဒရမ်ကို စွန့်လွှတ်ရမယ့်အချိန်ပေါ့... သူ မြတ်နိုးသမျှ အရာအားလုံးကို ထားခဲ့ပြီး Hiaချစ်သူအဖြစ် ရှိနေရတော့မည်။ ဒါပေမယ့် ဒီတစ်ပတ်အတွင်းမှာ Kilane Wangက တကယ်ကို အပြောင်းအလဲ မြန်ခဲ့တာပဲ... Kueaမှာ ထိတ်လန့်ဖို့က အသာထား... အရာအားလုံး ပြင်ဆင်နေတာနဲ့တင် စိတ်ငြိမ်အောင် လုပ်ဖို့အချိ​န်တောင် မရှိလိုက်... အရာအားလုံးက လုံးဝကို မြန်မြန်ဆန်ဆန် ပြောင်းလဲသွားခဲ့တာ...

ခရူတီပိုင်း - မြန်မာဘာသာပြန်Where stories live. Discover now