အပိုင်း ၁

3.5K 253 9
                                    

လူ့လောကကို စရောက်လာပြီး မျက်စိနှစ်လုံးကို ဖွင့်လိုက်ကတည်းက Kuea Keeratiကို Kilaneနှင့် နေရာချထားပြီးသား...

ဒီစေ့စပ်ထားမှုကြောင့်ပဲ မိသားစုနှစ်ခုက တစ်ခုလိုမျိုး တစ်ယောက်အိမ် တစ်ယောက် ဝင်လိုက်၊ ထွက်လိုက်နှင့် Kueaရဲ့ဘဝတစ်လျောက်မှာ Hia Lianဆိုတဲ့လူကြီးရဲ့ပုံရိပ်တွေက အမြဲစိုးမိုးထားခဲ့တာ... သို့သော် Kueaရဲ့ဖခင်ဖြစ်သူက သံအမတ်ဖြစ်တာနှင့်အညီ နိူင်ငံတော်တော်များများကို မကြာခဏ ရွေ့ပြောင်း နေထိုင်ရတာကြောင့် Kueaက နိူင်ငံခြားမှာပဲ ကျောင်းတက်ရကာ စာသင်နှစ်ပြီးတဲ့အချိန်မှာပဲ ထိုင်းနိူင်ငံကို ပြန်ခွင့်ပြုခဲ့သည်။ Kuea တက္ကသိုလ် မတက်ခင်အထိပေါ့... ဒီလိုမျိုး လုပ်တာက သူတို့ရဲ့သားလေး လောကကြီးအကြောင်း အများကြီး သင်ယူနိူင်ဖို့အတွက် အခွင့်အရေးကောင်းလို့ မိဘတွေက ယူဆထားကြသည်။ Hia Lianကလည်း သူ့ကို ထောက်ပံ့ပေးရင်း အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရတာ... အခုတော့ သူ ထိုင်းနိူင်ငံမှာပဲ အခြေချပြီး နေထိုင်ဖို့အတွက် တက်ကြွတဲ့ခြေလှမ်းတွေနှင့်အတူ ပြန်လာခဲ့သည်။

Hia Lianက သူ့ထက် အသက် ခုနစ်နှစ်ကြီးသည်။ သူ့စိတ်ထဲမှာတော့ Hia Lianဆိုတာက ဟီးရိုးကြီးတစ်ယောက်လိုပဲ... Hia Lianက သူ့ရဲ့ကစားဖော် ကစားဖက်... သူ့ကို စက်ဘီးစီးတက်ဖို့အတွက် သင်ပေးခဲ့တာက Hia Lianပဲ... သူ့ရဲ့အိမ်စာတွေကို ကူလုပ်ပေးခဲ့တာက Hia Lian... ငယ်ငယ်တုန်းက ကျောင်း ကြို၊ ပို့ လုပ်ပေးတာကလည်း Hia Lian... လူတိုင်း ပြောကြတာတော့ Hia Lianက အကောင်းဆုံးလက်တွဲဖော်တစ်ယောက်ပဲတဲ့... Hiaက ခန့်ညားသည်။ နာမည်ကြီး လုပ်ငန်းစုကြီးရဲ့အမွေဆက်ခံသူအဖြစ် လူသိများပြီး အသက်ငယ်ငယ်ရွယ်ရွယ်နှင့် စီးပွားရေး လုပ်ငန်းစုကြီးတစ်ခုကို ဦးဆောင်နေတဲ့ စီးပွားရေးပညာရှင်တစ်ယောက်လည်း ဖြစ်သည်။ အဲ့လိုမျိုး မနာလိုချင်စရာကောင်းတဲ့ဘဝကို ပိုင်ဆိုင်ထားတဲ့ Hia Lianရဲ့ကြင်နာမှုတွေကြားထဲ Kuea ရှင်သန်လာခဲ့ရတာ...

Kueaကိုယ်တိုင်ကိုက အဲ့လို တွေးခဲ့တာကြောင့် Hia Lian သူ့ကို ချစ်လာဖို့အတွက် နည်းလမ်းမျိုးစုံ သုံးပြီးတော့ ကြိုးစားခဲ့ရသည်။ သူ Hiaရဲ့ချစ်သူအနေနဲ့ရော... Hiaရဲ့ဖူးစာဖက် အစစ်အမှန်အနေနဲ့ပါ ရှိနေချင်သည်။ Kueaကို လက်ထပ်လိုက်ရတာက Hiaအတွက် ကံဆိုးတာပဲလို့ ပြောလာမျိုးကို သူ မဖြစ်စေချင်ပါ။

ခရူတီပိုင်း - မြန်မာဘာသာပြန်Where stories live. Discover now