အပိုင်း ၁၀

209 19 0
                                    

(ဒီအပိုင်းကို သေချာ အေးဆေးလေးဖြစ်မှ တွေးပြီး ဖတ်ပါနော်...)


Lian ခေါ် Kilane Wangက တာဝန်ယူတက်တဲ့အသိစိတ်နှင့် ကြီးပြင်းလာခဲ့ရတာ... သူ ငယ်ငယ်တုန်းက သူ နိုးလာတာနှင့် ရေခဲစက်ရုံမှာ အလုပ်လုပ်တဲ့သူ့ရဲ့ဖခင်ကို ကူပေးရသည်။ ဈေးအများစုက တစ်ချိန်တည်းမှာ ဖွင့်လေ့ရှိတာကြောင့် အော်ဒါတွေကို မနက်အစောကြီးတိုင်းမှာ ထုတ်ပိုးရလေ့ရှိသည်။ ​သူ့အမေက ဖုန်းနှင့် ဆက်သွယ်လာသမျှ ရေခဲအော်ဒါတွေကို လက်ခံရင်း အလုပ်များတက်သည်။ ခုနစ်နာရီကျရင် Lianက အိမ်ပြန်ပြီး ရေမိုးချိုးကာ ကျောင်းကို သွားရသည်။ ကျောင်းဆင်းပြန်ရင်လည်း ရေခဲစက်ရုံက ဖခင်ဆီ ပြန်သွားပြီး ကူညီပေးရပြန်သည်။ ဒီတစ်ခါတော့ စားသောက်ဆိုင်တွေ၊ ဘားတွေအတွက်ပေါ့... အဲ့လိုနဲ့ မိုးချုပ်လာရင် ညစာစား၊ အိမ်စာလုပ်ပြီး အိပ်ရာဝင်ရသည်။

ငယ်ရွယ်တုန်းက Lianက ကျောင်းပိတ်ရက်တွေက လွဲပြီး သူ့ဘဝအတွက် ဈေးကြီးတဲ့ ဇိမ်ခံပစ္စည်းတွေ ဘာတွေ ဘာမှ မတွေးနိုင်ခဲ့... ပိတ်ရက်ရောက်ပြီဆိုရင်တော့ သူ သေချာရေချိုးပြီး ကောင်းကောင်းမွန်မွန် ဝတ်စားရသည်။ သူ ​ဗီဒိုထဲက အကောင်းဆုံးအဝတ်ကို ရွေးပြီး ကော့နေအောင် မီးပူတိုက်ဖြစ်သည်။ အမေက သူ့ရဲ့အရည်ပြားတွေ ရဲတွတ်လာတဲ့အထိ ဆဲလ်သေနေတဲ့အရည်ပြားတွေကို ကွာကျသွားအောင် ရေမြှုပ်ကျောက်နှင့် ပွတ်တိုက်ပေးပြီး ဆံပင်ကိုလည်း သေချာဖီးသပ်ပေးကာ နောက်သို့ လှန်တင်ပေးသည်။ အဲ့လိုနဲ့ ရေခဲစက်ရုံက ကောင်လေးက ပိုပြီးသန့်ပြန့်သွားတာပေါ့... သူတို့ အခုလို အပင်ပန်းခံပြီး လုပ်ခဲ့တာတွေက မြို့ဟောင်းက Keeratiအိမ်တော်မှာ ညနေစာ သွားစားဖို့အတွက်ပဲ...

သူ့မိဘတွေက ဒီအိမ်တော်ကို အလည်သွားတဲ့အချိန်တိုင်း ဂရုတစိုက် ပြင်ဆင်လေ့ရှိသည်။ သူတို့အတွက် အဲ့ရက်တွေက အရေးအကြီးဆုံးရက်တွေပဲ... ရေခဲစက်ရုံမှာ အလုပ်သမားတွေနှင့်အတူ အော်ဟစ် စနောက်ပြီး ပြောဆိုခဲ့ကြတဲ့ သူတို့ရဲ့အမူအကျင့်တွေကို ရင်ထဲ သိမ်းထားရသည်။ Kilane Wangဆိုတာ ကိုယ်ကျင့်စာရိတ္တကောင်းမွန်ပြီး ပြီးပြည်စုံတဲ့ သခင်လေးတစ်ယောက်အသွင် ဖြစ်နေရမည်။ ဒီလိုလုပ်ရတဲ့ ပထမဆုံးရည်ရွယ်ချက်က လူ့အသိုင်းအဝိုင်းက ရိုသေလေးစားကြပြီး တော်ဝင်သွေးစီးဆင်းနေတဲ့ Keeratiမိသားစုအပေါ် သူတို့ရဲ့လေးစားမှုကို ပြသတာ... ဒုတိယအကြောင်းပြချက်ကတော့... သူက ငယ်ရွယ်သေးတဲ့ သူ့ရဲ့သတို့သားလောင်းလေးအတွက် စံပြနမူနာကောင်းဖြစ်ချင်လို့...

ခရူတီပိုင်း - မြန်မာဘာသာပြန်Where stories live. Discover now