အပိုင်း ၁၇

232 12 0
                                    

Kilane Wangက တောက်ပနေတဲ့ကားအရောင်းပြခန်းဘေးနားမှာ စီးကရက်ကို သောက်ပြီး သူ့သူငယ်ချင်း Phayak Chatdecha Chenနှင့် ရပ်နေသည်။ ဒီနေ့က Ducati Panigaleကို ထုတ်ရမယ့်ရက်လေ... ဒါပေမယ့် Chenမိသားစုက ပြသာနာတစ်ခုတက်လာတာ... ဒီနိုင်ငံကို တင်သွင်းလာတဲ့ကားပမာဏအမြောက်အမြားက ကာစတန်မှာ ပိတ်နေတာတဲ့...

'မင်း ဘယ်လို ထင်လဲ'

'တစ်ယောက်ယောက်က ငါ့ကို စိန်ခေါ်နေတာပေါ့...'

Ducatiတစ်စီးတည်း မဟုတ်... VIPကာစတန်မာတွေ မှာထားတဲ့ပြိုင်ကားတွေ၊ ဥရောပထုတ်ကားတွေ၊ ပြီးတော့ ကားကုမ္ပဏီကနေ တင်သွင်းလာတဲ့ တန်ဖိုးကြီးမားတဲ့အစိတ်အပိုင်းတွေ ပါဝင်နေတာ... Chenကသာ ပစ္စည်းတွေ ပြန်မရဘူးဆိုရင် ဆုံးရှုံးမယ့်ငွေပမာဏက ကြောက်ခမန်းလိလိပင်...

'Chenမိသားစုက စိန်ခေါ်ရဲလောက်တဲ့အထိ ဘယ်သူက သတ္တိတွေ ရှိနေတာလဲ။ မင်းရဲ့အမျိုးတွေလည်း သေကုန်ပြီ မဟုတ်လား'

Chenမျိုးရိုးရဲ့အရင်မျိုးဆက်ဟောင်းတွေက မာဖီးယားတွေလိုမျိုး အပြန်အလှန် သေကြေတဲ့အထိ ကိုယ့်အချင်းချင်း တိုက်ခိုက်ခဲ့ကြတာ... Phayakရဲ့အဘိုးတစ်ယောက်တည်းသာ အသက်ရှင်လျက် ရှင်ကျန်ခဲ့သည်။ အဲ့ကနေစပြီးတော့ Chenမိသားစုက ကလေးတစ်ယောက်တည်းသာ ယူရမယ့်စည်းမျဉ်းကို ထုတ်ပြန်ခဲ့သည်။ ကလေးမလွယ်နိုင်ဘူးဆိုရင် မိသားစုရဲ့ဦးစီးခေါင်းဆောင်က အမွေဆက်ခံဖို့ လူတစ်ယောက်ကို ရွေးချယ်ရမည်။

'ငါ့အနာဂတ် ဇနီးရဲ့မိသားစု ဖြစ်လိမ့်မယ်လို့ ငါ ထင်တာပဲ...'

Yiက ရွဲ့ပြုံး ပြုံးလိုက်ပြီး မျက်လုံးတွေကလည်း ဒေါသတွေကြောင့် ဝင်းလက်နေတာ... Chenမိသားစုက ကားတွေကို တရားဝင်တင်သွင်းတယ်ဆိုပေမယ့် အချို့ပြသာနာတွေကို ကြိုတင်ကာကွယ်ဖို့အတွက် ဝန်ထမ်းတွေကို ​လုံလုံလောက်လောက် လာဘ်ထိုးထားခဲ့တာ... ကားတင်သွင်းတဲ့လုပ်ငန်းစဉ်က ပိုပြီးချောချောမွေ့မွေ့ လည်ပတ်နိုင်ဖို့အတွက်ပေါ့... မသင်္ကာစရာတွေ မဖြစ်လာအောင် ရှောင်ရှားတဲ့အနေနှင့် အချို့ပစ္စည်းတွေကို ကာစတန်မှာ သိပ်ဖြစ်သည်။ ပစ္စည်းသေးသေးလေးတွေက ပုံမှန်ဆိုရင် သုံးရက်အတွင်း ပြန်ရတက်သည်။ ဒီတစ်ခါမှာတော့ အရမ်းအရင်းအနှီးကြီးတာ... ဒါ တမင်သက်သက် ရည်ရွယ်ပြီးတော့ကို လုပ်ခဲ့တာ...

ခရူတီပိုင်း - မြန်မာဘာသာပြန်Where stories live. Discover now