အပိုင်း ၁၅

2.7K 123 5
                                    

Kilane Wangက ဘေးတစ်စောင်း လှဲအိပ်ပြီး ဘေးနားမှာ အိပ်နေတဲ့ကောင်လေးကို ငေးကြည့်နေမိသည်။ Kueaလေးရဲ့ခန္ဓာကိုယ်က ဟိုဟိုဒီဒီ လှည့်နေပြီး ဆံပင်တွေကလည်း ဖွာနေပေမယ့် မျက်လုံးတွေကတော့ မှိတ်ထားတုန်းပင်... Kueaလေး တစ်ဖက်သို့ လှည့်သွားအောင် စနောက်ဖို့အတွက် Lianက ဒီကောင်လေးရဲ့နှာဖျားလေးကို ထိတွေ့လိုက်ပေမယ့် ကောင်လေးက တစ်ဖက်သို့ လှည့်မသွားဘဲ Lianရဲ့ရင်ခွင်ထဲသို့ မျက်နှာလေးကို နစ်မြှုပ်သွားတဲ့အထိ ထိုကောင်လေးက တိုးကပ်လာခဲ့သည်။ Kueaလေးက အိပ်လို့ အဆင်မပြေမချင်း အနေအထားပြင်နေကာ အဆင်ပြေတဲ့အနေအထားဖြစ်တော့မှ လှုပ်ရှားမှုတွေက ရပ်တန့်သွားသည်။ ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်သလဲ။

တနင်္ဂနွေနေ့မှာတော့ အလျင်လိုစရာကိစ္စ မရှိ... အရင်ကတော့ ဒီလိုနေ့မျိုးမှာ နေ့တိုင်း လုပ်နေကျအတိုင်း Kilane Wangက အစောကြီး ထတက်သည်။ ပြီးရင် လမ်းလျောက်ထွက်တာ၊ ကြိုးခုန်တာ၊ ဒါမှမဟုတ် ရေကူးတက်ပေမယ့် ဒီနေ့အဖို့တော့ အိပ်ပျော်နေတဲ့ကောင်လေးကို ကြည့်ပြီးတော့သာ အချိန်ဖြုန်းနေမိသည်။

ဒီနေ့ကတော့ တကယ့်ကို လေးနက်တဲ့နေ့လေးတစ်နေ့ပင်... Kueaလေးက သူနှင့်အတူတူ အိပ်ဖို့အတွက် လိုလိုလားလား ခွင့်ပြုပေးပြီးနောက် အတူတူအိပ်ယာနိုးလာကြတဲ့ ပထမဆုံးနေ့လေးဖြစ်သည်။ ဒီကောင်လေးက အရမ်းရှက်နေတာကြောင့် သူ Goodnight Kissပေးပြီးတာနဲ့ စောင်ပုံထဲ ဝင်သွားခဲ့တာ...

Lianက သေးသွယ်တဲ့ခါးလေးပေါ် သူ့ရဲ့လက်ကို အသာလေးတင်ပြီး ဖက်ထားလိုက်သည်။ Kueaလေးက သူ့ရဲ့ရင်ခွင်ထဲ တိုးဝှေ့ပြီး အိပ်လာတဲ့အချိန်မှာ သူ့ရဲ့လက်က ထိုကောင်လေးရဲ့ကျောပြင်ကို အထက်အောက် အသာလေးပွတ်သပ်ပေးနေမိသည်။ သူ အသိစိတ်လွတ်သွားပြီး အိပ်ပျော်နေတဲ့ကောင်လေးကို ချော့သိပ်နေမိတာ... သူ့ကိုယ်ကို ကိုင်းပြီးတော့ Kueaလေးရဲ့ရှုပ်ပွနေတဲ့ဆံသားလေးတွေထဲ တိုးဝှေ့ပြီး နမ်းလိုက်သည်။

'အွန်း...'

'Good Morningပါ Kueaလေး...'

သူ့ရဲ့ရင်ခွင်ထဲက ကောင်လေးက မျက်စိကို အဖွင့်အပိတ်လုပ်နေပြီး သူ့ကို မော့ကြည့်လာတဲ့အခါမှာ ခန္ဓာကိုယ်သေးသေးလေးက အနောက်သို့ နည်းနည်းလေး ဆုတ်သွားတာကြောင့် Lian သဘောကျစွာနှင့် ရယ်လိုက်မိသည်။ Kueaလေးက သေချာမြင်ရအောင် မျက်လုံးကို အဖွင့်အပိတ်လုပ်ပြီး အခုအခြေအနေက ဘယ်လိုမျိုးလဲဆိုတာကို သိသွားတဲ့အချိန်မှာတော့ မျက်လုံးအပြူးသားဖြစ်သွားလျက်... နားရွက်ဖျားလေးတွေကလည်း ရဲတက်လာပြီ။ မျက်နှာကလည်း ပန်းရောင်သန်းနေတာ... ရဲတက်လာတဲ့လည်တိုင်လေးကို Lian မမြင်ရသေးခင်မှာပဲ Kueaလေးက စောင်အောက်ထဲ ထပ်ပြီး တိုးဝင်သွားသည်။

ခရူတီပိုင်း - မြန်မာဘာသာပြန်Where stories live. Discover now