အပိုင်း ၁၄

253 15 0
                                    

Kuea Keerati အိပ်ယာက ထပြီး မနက်စာ စား၊ ဆေးသောက်ပြီး ပြန်အိပ်နေရာက နေ့လည်စာ စားဖို့အတွက် ထပ်ပြီးတော့ နိုးလာပြန်သည်။ Hia Lianကလည်း ကတိအတိုင်း ဖုန်းခေါ်လာပေမယ့် Kueaက လျစ်လျူရှုထားတာကြောင့် ဖုန်းမကိုင်မချင်းကို Hia Lianက ခေါ်နေတာ... Kueaလည်း အိပ်ယာထဲက ထပြီး ဖုန်းကိုင်လိုက်ရသည်။ သူ့ဖုန်းကို အသံပိတ်ထားပေမယ့် Hia Lianက အိမ်ဖုန်းကို ခေါ်လာတာ! ဖုန်းသံက အိမ်တစ်ခုလုံးမှာ ကျယ်လောင်စွာ မြည်ဟည်းနေသည်။


'Kueaလေး စားပြီးပြီလား။ အခု ထမင်းစားနေတာ မှတ်လား။ အဲ့ဒါကြောင့် ကိုယ် ဖုန်းဆက်တာကို မကိုင်နိုင်တာလား'

Hiaရဲ့အသံက အရမ်းကို ကြည်နူးစရာကောင်းနေတာ... Kueaတောင် ပြေးပြီး ခုန်အုပ်ချင်လောက်တဲ့အထိပင်... Hiaက ဘာလို့ သူ့ကို ကောင်းကောင်း အနားယူခွင့် မပေးရတာလဲ! ခြေကုန်လက်ပန်းကျနေတဲ့လူက Hiaမှ မဟုတ်တာ! Keeratiမိသားစုရဲ့သခင်လေးဆိုတဲ့ဂုဏ်သိက္ခာကို ပုခုံးပေါ်တင်ထားတဲ့Kueaလေးက အက်ကွဲကွဲ အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး ပုံမှန်လေသံလေးအတိုင်း ပြန်ဖြေလိုက်သည်။ Hiaကို သူ ရိုင်းရိုင်းစိုင်းစိုင်း ပြောပစ်လိုက်ချင်ပေမယ့် သူ အောင့်ထားတာ...

'Kuea စားနေလို့...'

'စားလို့ အဆင်ပြေလား။ ကိုယ် ဟိုတယ်က မှာပေးထားတာ...'

'အဆင်ပြေပါတယ်။ ကျေးဇူးတင်ပါတယ်'

အခုမှ စောင်ထဲကနေ မျက်နှာထွက်လာတဲ့Kuea Keeratiက သူ့အတွက် မှာပေးထားတဲ့စားစရာတွေက ဘာတွေမှန်းတောင် မသိ... Hia Lianကတော့ သူ့ကို စကားတွေ ပြောနေတုန်းပင်... Hiaက အရက်ချက်စက်ရုံတွေကို သွားစစ်ဆေးတာ မဟုတ်လား။ အဲ့ဒါကို ဘာလို့ Hiaဆီမှာ အချိန်ပိုတွေ အများကြီး ရှိနေရတာလဲ။ အစကတော့ Kueaက ခေါင်းစဉ်အမျိုးမျိုး ပြောင်းပြီး Hia Lianနှင့် ဖုန်းပြောနေပေမယ့်လည်း အခုအချိန်မှာတော့ ဖုန်းပြောနေတယ်လို့ မခံစားရတော့... Hia Lianက ရုတ်တရက်ဆိုသလို စကားတွေ များလာသည်။

'ထမင်းဆက်စားတော့နော်... ကိုယ်က ဆယ့်တစ်နာရီလောက်မှ အိမ်ပြန်ရောက်မှာ... အလုပ်လုပ်ရမှာတွေ ရှိသေးလို့လေ...'

ခရူတီပိုင်း - မြန်မာဘာသာပြန်Where stories live. Discover now