အပိုင်း ၂၂

563 29 7
                                    

Khun Diaoက သူ့ရဲ့ကောင်လေးနှင့် ပြန်သွားပေမယ့် Kueaကတော့ ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး Chi Linကို သန့်ရှင်းရေး လုပ်နေမိသည်။ သူ အခုအချိန်ကို အသုံးချပြီးတော့ အရာအားလုံးကို တွေးတောနေမိတာ... တစ်နေ့တည်းနှင့် Kuea Keeratiက မျိုးရိုးစဉ်ဆက် ချမ်းသာတဲ့မိသားစုရဲ့သခင်လေးအဖြစ်ကနေ အိမ်ခြေရာမဲ့တစ်ယောက်လို ဖြစ်သွားခဲ့သည်။ ပြီးတော့ သူက သံအမတ်ကြီးရဲ့သားတစ်ယောက်အနေနှင့် ပြန်ချမ်းသာလာပြီး အခုလောလောလတ်လတ် သိလိုက်ရတာက သူ့အဖေတစ်ယောက်တည်း ချမ်းသာတာ မဟုတ်... သူလည်း ချမ်းသာနေတာ... အတိတ်က Keeratiမိသားစုလောက်တော့ မကြွယ်ဝပေမယ့်ပေါ့... ဒီအရာက... လက်ခံဖို့ ခက်ခဲပေမယ့် သူ ကျော်ဖြတ်နိုင်မှာပါ။

ဒီပြသာ​နာတွေကြောင့် သူ့ရဲ့ကမ္ဘာလေးက ဘယ်လောက်ထိ သေးငယ်လဲဆိုတာကို သူ သိလိုက်ရသည်။ သူက သူ့ကိုယ်သူ တစ်ယောက်တည်း နေနိုင်တယ်၊ သူ လုပ်ချင်ရာ လုပ်လို့ ရတယ်လို့ တွေးထင်ခဲ့ပေမယ့် တကယ်တမ်းတော့ အဲ့လို မဟုတ်ခဲ့... သူ ဒီအနေအထားထိ ရောက်​နိုင်တယ်ဆိုတာက အားလုံးက သူ့ကို ပံ့ပိုးပေးကြလို့... သူ့အဖေက ဒါပဲလုပ်ဆိုပြီး ဘယ်တုန်းကမှ တွန်းအားမပေးခဲ့... သူ့အမေကလည်း သူ့ကို မထိန်းချုပ်ထား... ပြီးတော့ Hia Lianကလည်း သူ့ကို ဘယ်လိုပြုမှုနေထိုင်ရမလဲဆိုတာကို မပြောဖူးခဲ့... အားလုံးက Kuea စိတ်ကျေနပ်တဲ့အတိုင်း လွတ်လွတ်လပ်လပ် ပျံသန်းလို့ရအောင် ခွင့်ပြုပေးခဲ့တာ...အဆုံးသတ်မှာတော့ သူ ဘယ်လောက်ပဲ အဝေးကြီးရောက်တဲ့အထိ ပျံသန်းနေပါစေ... တကယ့်လက်တွေ့ဘဝက သူ့ကို အမြဲတမ်း ပြန်ဆွဲခေါ်နိုင်ခဲ့သည်။

သုံးဆယ့်သုံး မီလီယံ... ဒီပိုက်ဆံတွေကို သူ ဘယ်လို လုပ်ရမလဲ။ သူ ဒီငွေတွေနဲ့ Keeratiအိမ်တော်ကို Hia Lianဆီက ပြန်ဝယ်လိုက်မယ်ဆိုရင်... Hia Lianက သူ့ကမ်းလှမ်းမှုကို လက်ခံနိုင်သည်။ ဒါပေမယ့် Hia Lianက သူ ရထားတာထက် ပိုပြီး ဆုံးရှုံးရမှာ... အဲ့ဒီနည်းလမ်းက Hia Lianရဲ့ကြင်နာတက်တဲ့စိတ်အပေါ် အခွင့်အကောင်း ယူပြီး တစ်ကိုယ်ကောင်းဆန်တာပင်...

Keeratiအိမ်တော်ကို တကယ်ကြီး စွန့်လွှတ်လိုက်ရတော့မယ်ဆိုတာကို Kuea လက်ခံလိုက်ရသည်။ ဒီအိမ်တော်အတွက် အရစ်ကျသွင်းပေးမယ်လို့ Hia Lianကို တောင်းဆိုလိုက်ရင် အပြီးဆပ်ဖို့ နှစ်နှစ်ဆယ်လောက် ကြာနိုင်တာ... သူ ကံကောင်းရင်တော့ ဆယ်နှစ် ဆယ့်ငါးနှစ်ပေါ့... ဒါပေမယ့် ဘယ်သူမှ အဲ့မှာ မနေကြဘူးလေ...

ခရူတီပိုင်း - မြန်မာဘာသာပြန်Where stories live. Discover now