အပိုင်း ၂၄

3.5K 183 37
                                    

အမဲရောင် ခပ်မှိန်မှိန် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားတဲ့Kilane Wangကတော့ တောက်ပတဲ့ Lamborghiniကားကို မှီပြီးတော့ ဆေးလိပ်သောက်နေသည်။ သူ့ရဲ့တက်ကြွနေတဲ့မျက်ဝန်းတွေက ဝင်ပေါက်ကို ငေးကြည့်နေပေမယ့် သူ့သတို့သားလောင်းလေးကို မမြင်ရသေးတာကြောင့် သူ့လက်မှာ ပတ်ထားတဲ့ Patek Philippeနာရီကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဒီနာရီကို Kueaလေးက သူ့အတွက် ဝယ်ပေးထားတာ... ဒါက ချမ်းသာတဲ့ချစ်သူတစ်ယောက်ရှိရခြင်းရဲ့အကျိုးခံစားခွင့်လေ... သူက သူ့ချစ်သူလေးကို Ducati လက်ဆောင်ပေးခဲ့တော့... Kueaလေးက သူ့မွေးနေ့မှာ တန်ဖိုးကြီးမားတဲ့နာရီတစ်လုံးကို လက်ဆောင်ပေးခဲ့တာ... သူ ဒီကောင်လေးကို ဆုံးရှုံးခံတော့မှာ မဟုတ်ပါ။

(Patek Philippeက ဘယ်အမျိုးအစားလဲဆိုတာကို မပြောထားပေမယ့် နာရီတစ်လုံးကို ဒေါ်လာ သိန်းဂဏန်း သောင်းဂဏန်း ဝန်းကျင် ရှိတဲ့Brandပါ။)

နာရီလက်တံတွေက ငါးနာရီထိုးနေပြီဆိုတာကို ညွှန်ပြနေတာ... သူတို့ တွေ့ဖို့ ချိန်းထားတဲ့အချိန်ကို ရောက်နေပြီ။ Lian ရင်းနှီးနေပြီဖြစ်တဲ့Super Bikeရဲ့အသံက တဖြည်းဖြည်း နီးကပ်လာပြီး... နောက်ဆုံး​မှာတော့​ ပြောင်လက်နေတဲ့ အနီရောင် Ducatiကြီးက အထဲဝင်လာကာ သူ့ဘေးနားမှာ ရပ်သွားသည်။

'Hia! Kueaကို ဆယ်မိနစ်ပေး... ငါးမိနစ်လည်း ရတယ်။ ငါးမိနစ်!'

ပြီးတာနှင့် Kueaလေးက ဆိုင်ကယ်ဦးထုပ် ဆောင်းလျက်သားနှင့် အိမ်ထဲ ပြေးဝင်သွားသည်။ Kilaneလည်း ကိုးရို့ကားယား​ဖြစ်နေတဲ့ Kueaလေးကို ကြည့်ပြီး ရယ်သံတွေကို မထိန်းနိုင်တော့... သူ ဝင်ပေါက်နားက ပြာခွက်ထဲ စီးကရက်ကို ထည့်လိုက်ပြီး အပေါ်ထပ်ကို ပြေးသွားတဲ့Kueaလေးဆီ လိုက်သွားလိုက်သည်။ အိပ်ခန်းထဲက လှုပ်ရှားနေတဲ့အသံအရတော့ Kueaလေးက အဝတ်အစားတွေကို တက်နိုင်သမျှ မြန်မြန်လဲနေတာ ဖြစ်နိုင်သည်။

'Hia... ခဏလေးစောင့်... Kuea အင်္ကျီရှာနေလို့...'

Kueaလေးရဲ့အဝတ်အစားတွေက သူ့​ဗီဒိုရဲ့အချို့နေရာတွေမှာ နေရာယူနေပြီ။ နဂါးရုပ်နှစ်ရုပ်ကလည်း ကုတင်ထိပ်မှာ နေရာယူလျက်... သူတို့ရဲ့တစ်ကိုယ်ရည်သုံး ပစ္စည်းတွေကလည်း ဟိုဟိုဒီဒီမှာ အပြည့်ပင်...

ခရူတီပိုင်း - မြန်မာဘာသာပြန်Where stories live. Discover now