အပိုင်း ၁၈

2.5K 121 0
                                    

သံသယစိတ်တွေ များနေပေမယ့် သူ့ဘေးနားမှာ ဘာမှ မသိချင်ယောင် ဆောင်ပြီး ထိုင်နေတဲ့Kueaလေးကို ကြည့်ပြီး Kilane Wang ပြုံးလိုက်မိသည်။ တီ​ဗီမှာ ပြနေတဲ့အခန်းက ​ဗီလိန်က အနောက်ကနေ ပြေးလိုက်နေတဲ့အက်ရှင်အခန်း... Kilane Wangက စီးရီးတွေ သိပ်မကြည့်ဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ သိပ်မကြည့်ရသေးခင်မှာပဲ အိပ်ငိုက်လာတာကြောင့်လေ... အခုလက်တလောမှာလည်း သူ ဦးနှောက်ကို အများကြီး သုံးထားရတာ​ကြောင့် သူ စွမ်းအင် ပြန်ဖြည့်ဖို့ လိုအပ်သည်။

'အ့... Hia...'

'ကိုယ့်ဘတ္ထရီကို အားသွင်းခွင့်ပေးနော်...'

သံသယမျက်လုံးတွေနှင့် စိုက်ကြည့်နေတဲ့သတို့သားလေးရဲ့ပေါင်ပေါ်ကို Lian ခေါင်းတင်ပြီး အိပ်လိုက်သည်။ Kueaလေးက တစ်ကိုယ်လုံး တောင့်တင်းသွားပုံရပေမယ့် သူ့ကိုတော့ အိပ်ခွင့်ပြုခဲ့သည်။ Kueaလေးက ဘယ်လိုလုပ်ပေးရမယ်မှန်း မသိဖြစ်နေတာကြောင့် Lianကိုယ်တိုင်ပဲ ထိုကောင်လေးရဲ့လက်ကို အသာလေးဆွဲယူကာ သူ့ရဲ့ခေါင်းပေါ်သို့ တင်ပေးလိုက်သည်။

'ကိုယ့်ရဲ့ခေါင်းကို ပုတ်ပေးပါလား'

'Kueaက Hiaထက် ငယ်တယ်လေ... ဒါက မသင့်တော်ပါဘူး'

သခင်လေး Kuea Keeratiက ပြီးပြည့်စုံတယ်ဆိုတာကို Lianက ဘယ်လိုလုပ်ပြီး မေ့နိုင်မှာလဲ။

'အခု ဒီနေရာမှာ Kueaလေးနဲ့ ကိုယ်ကလွဲပြီး ဘယ်သူမှ မရှိတာ... ကိုယ်တို့ အခုလုပ်နေတဲ့အရာက ချစ်သူစုံတွဲတွေအတွက် လုပ်ခွင့်ရှိတဲ့အရာပဲလေ...'

Lianရဲ့တောက်ပပြီး စူးရှတဲ့အကြည့်တွေက နားရွက်၊ ပါးနှစ်ဖက်နှင့် လည်တိုင်ပါ ရဲတွတ်လာတဲ့အထိ ရှက်နေတဲ့ကောင်လေးကိုသာ စိုက်ကြည့်နေသည်။ သူ့ရဲ့လူဆိုးကောင်လေးက ရိုမန်တစ်နှင့်ပတ်သက်ပြီး အတွေ့အကြုံက သုညပင်... Kueaလေးရဲ့ဘဝတစ်လျောက်လုံးမှာ Lianပဲ ရှိခဲ့တာကြောင့် ဒီလိုအရာတွေကို Kueaလေးက တစ်ခါမှ တွေးဖူးမှာတောင် မဟုတ်ဘူး။ အဲ့တော့ Lianကပဲ Kueaလေးကို တစ်ဆင့်ပြီး တစ်ဆင့် သင်ပေးရတော့မှာပေါ့...

'Kueaလေးရဲ့ခေါင်းကို ကိုယ် ပုတ်ပေးတဲ့အချိန်... Kueaလေးကို ကိုယ် ဖက်လိုက်အချိန်မှာ ခံစားလို့ ကောင်းတယ် မှတ်လား'

ခရူတီပိုင်း - မြန်မာဘာသာပြန်Where stories live. Discover now